Connect with us

Videos

သမ္မတရှီ၏ ခရီးစဉ်သည် တရုတ်မြန်မာပေါက်ဖော်ချစ်ကြည်ရေးအတွက်ကဏ္ဍသစ်တစ်ရပ်ဖော်ဆောင်မည် (ရုပ်သံ) 

ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)

၁၉၅၀ ခုနှစ်တွင် တရုတ် နိုင်ငံနှင့် မြန်မာ နိုင်ငံတို့ သံတမန်ဆက်ဆံရေးကိုစတင် ထူထောင်ခဲ့သည်။ ယခုနှစ် သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံက အကောင်အထည်ဖော်ဆောင်နေသည့်  ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက် တွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ ၂၀၁၉ ခုနှစ် ပထမ ၉ လတာကာလအတွင်း ကောက်ယူရရှိထားသည့် စာရင်းများအရ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့ အကြား ကုန်စည် ကူးသန်းရောင်းဝယ်မှု တန်ဖိုးမှာအမေရိကန်ဒေါ်လာ  ၁၃.၅၄ ဘီလီယံ အထိ ရှိလာခဲ့ရာ နှစ်စဉ် ၁၇.၉ ရာခိုင်နှုန်းတိုးမြင့်လာကြောင်းသိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်  က  “တရုတ်နိုင်ငံက ဇွဲလုံ့လဝိရိယ နှင့် ကြိုးပမ်းအားထုတ်မှုကြောင့် အောင်မြင်မှု ရရှိလာနိုင်တဲ့အကြောင်း ဥပမာကောင်းပေးနိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ကျွန်မတို့တွေ အားလုံး ကြိုးစားအားထုတ်မှု ကို လုပ်ကိုလုပ်ရမှာပါ ။ပြီးတော့ ကြိုးစားအားထုတ်မှုကြောင့်ရလဒ်ကောင်း အသီးအပွင့်ကောင်း တွေရနိုင်တယ်ဆိုတာကို လေ့လာသင်ယူနိုင်တဲ့ နိုင်ငံက ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံအပြင်မရှိဘူးလို့ ကျွန်မတော့ထင်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကလည်း ဇွဲလုံ့လဝိရိယနဲ့ ပြည်သူပြည်သားတွေရဲ့ ကြိုးပမ်းအားထုတ်မှု အပေါ်မှာ မူတည်နေပါတယ်။စိန်ခေါ်မှုတွေဘယ်လောက်ပင်ရှိပါစေ ကျွန်မတို့ဟာ ကမ္ဘာ့အလယ်မှာ အောင်မြင်တိုးတက်မှု ရင်းနှီးချစ်ကြည်မှုနှင့်  တည်ငြိမ်အေးချမ်းမှု ပန်းတိုင်ဆီကို ယုံကြည်ချက်ရှိရှိနဲ့ဆက်သွားကြမယ်ဆိုတာ ပြောကြားချင်ပါတယ်” ဟုဆိုသည်။ 

တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံ တို့သည် နယ်နိမိတ်အားဖြင့် ၂၂၀၀ ကီလိုမီတာ ထိစပ်လျှက်ရှိပြီး ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံလာခဲ့သည်မှာ သမိုင်းနှင့်ချီ ကာလတာရှည်လျှက်ရှိသည်။ တရုတ်-မြန်မာ အဓိက ဆောက်လုပ်ရေးစီမံကိန်းများမှလည်း မြန်မာနိုင်ငံတွင် ကျောင်းများကို ဆောက်လုပ်ခဲ့ကြသည်။ တရုတ်ဆေးတက္ကသိုလ်များကလည်း မြန်မာနိုင်ငံတွင်အခမဲ့ ဆေးဝါးကုသမှုများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံဒေသအများစုတွင် လုပ်ငန်းခွင်ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများ ကိုလည်း လာရောက်ပို့ချခဲ့ကြသည်။

 တရုတ်နိုင်ငံက လာရောက်ပို့ချသည့် လုပ်ငန်းခွင်အဆင့်မြင့်သင်တန်းတစ်ခုကိုတက်ရောက်ခဲ့သည့် သင်တန်းသူ စိုးဝင်းရီ က  “ကျေးဇူးတင်ပါတယ် ကျောက်ဖြူမြို့သားမြို့သူတွေအတွက်တအားကောင်းပါတယ် နောက်ထပ်လည်း ဒါမျိုးဖွင့်ပေးနိုင်ဖို့မျှော်လင့်ပါတယ်” ဟုဆိုသည်။ အငြိမ်းစားဆရာမတစ်ဦးဖြစ်သည့် Chen Yunhong က “ကျွန်မက တရုတ်-မြန်မာနယ်စပ်ဒေသဖြစ်တဲ့ တဲ့ဟုန်းမှာနေလာတာ ဆယ်စုနှစ်နဲ့ချီနေပါပြီ။ ကျွန်မမှာ မြန်မာသူငယ်ချင်းတွေလည်းအများကြီးရှိပါတယ်။ ကျွန်မတို့ မိသားစုဝင်တွေလိုပဲ အတူတကွချစ်ကြည်ရင်းနှီးစွာနေထိုင်လာကြတာပါ။ အပြန်အလှန်ရိုင်းပင်း ကူညီကြတယ် အချင်းချင်းလေးစားချစ်ခင်ကြပါတယ် ။တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံချစ်ကြည်ရေးအဓွန့်ရှည်ပါစေ” ဟုဆုတောင်းပေးခဲ့သည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.