Videos
ဝူဟန့်မြို့တွင် အမြန်ဆောက်လုပ်နေသည့် ကုတင် ၁၅၀၀ ဆန့် လေးဆန်ဆန်းဆေးရုံ
ဝူဟန့်၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် နိုဗယ်လ် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူများကိုကုသမည့် လေးဆန်ဆန်းဆေးရုံတည်ဆောက်နေမှုမြင်ကွင်းများကို ရိုက်ကူးထားခြင်းဖြစ်ပါသည်။လေးဆန်ဆန်းဆေးရုံသည် SARS ကုသမှု ဆေးရုံပုံစံ အတိုင်း ဝူဟန့်မြို့၌ တည်ဆောက်ထားသည့် ဒုတိယမြောက်ဆေးရုံ တစ်ရုံဖြစ်သည်။ ယခုvideo ထဲတွင်ဆောက်လုပ်နေသည့်အဆောင်မှာ ဆေးရုံတွင်တာဝန်ထမ်းဆောင်ကြမည့် ဆရာဝန်များနှင့်ဝန်ထမ်းများ အတွက် အဆောင်ဖြစ်သည်။ လေးဆန်ဆန်းဆေးရုံသည် ကုတင် ၁၅၀၀ ဆန့် ဆေးရုံတစ်ရုံဖြစ်ပြီး နိုဗယ်လ် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူများကို လာမည့် ဖေဖော်ဝါရီ ၆ ရက်တွင် စတင်လက်ခံကုသနိုင်ရန် ရည်ရွယ်ကာတည်ဆောက်နေခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)