Connect with us

Social, Education & Health

တရုတ်နိုင်ငံသို့ လာအိုနိုင်ငံမှ ပို့ကုန်များ ပုံမှန်အတိုင်း ဆက်လက်တင်ပို့လျက်ရှိ

တရုတ်-လာအို ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဖြင့် ပြုလုပ်နေသော ရထားလမ်းတည်ဆောက်ရေး လုပ်ငန်းခွင်အား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသော်လည်း လာအိုနိုင်ငံမှ တရုတ်သို့ တင်ပို့သည့် ပို့ကုန်များမှာ ပုံမှန်အတိုင်း ဆက်လက်စီးဆင်းနေကြောင်း Vientiane Times လာအိုနေ့စဉ်သတင်းစာက ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဖော်ပြထားသည်။

လာအိုနိုင်ငံအနေဖြင့် ဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားကတည်းက ပို့ကုန်သမားများထံမှ ပို့ကုန်အပေါ် သက်ရောက်မှုရှိသည်ဟူသော သတင်းများ လက်ခံရရှိခြင်း မရှိကြောင်း လာအို စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပို့ကုန်သွင်းကုန်ဌာနအရ သိရသည်။
၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ခန့်မှန်းခြေ စုစုပေါင်း ပို့ကုန်တန်ဖိုး ဒေါ်လာ ၁,၅၁၀ သန်း ရှိခဲ့ပြီး သွင်းကုန်တန်ဖိုး ဒေါ်လာ ၉၈၅ သန်း ရှိခဲ့သည်။

လာအိုနိုင်ငံက တရုတ်နိုင်ငံသို့ အဓိကအားဖြင့် သဲကြမ်း၊ ရာဘာနှင့် ရာဘာထွက်ကုန်များ၊ ကြေးနီနှင့် ကြေးနီထွက်ကုန်များ၊ ငှက်ပျောသီး၊ ပြောင်းဖူးများနှင့် မြေဩဇာများ တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံမှ လျှပ်စစ်ပစ္စည်းများ၊ မော်တော်ယာဉ်များနှင့် အပိုပစ္စည်းများ၊ စက်မှုနှင့် လျှပ်စစ် ကိရိယာများနှင့် သံမဏိ စသည်တို့အား တင်သွင်းခဲ့သည်။လက်ရှိတွင် တရုတ်နိုင်ငံသည် လာအိုနိုင်ငံ၏ အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117