Videos
မိသားစုတွင်COVID-19 ကူးစက်မခံရသည့် တစ်ဉီးတည်းသောအသက် ၂ နှစ် သားငယ်လေးနှင့် မေမေသူနာပြု ၂၈ ဦး
ကွမ်တုန်း၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်တွင် အသက် ၂ နှစ်အရွယ်ကလေးငယ်မှာ မိသားစုအတွင်း နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ် (COVID- 19) ရောဂါ ကူးစက်ခြင်းမခံရသော တစ်ဦးတည်းသော ကလေးငယ်ဖြစ်သည်။ ချန်းချန် (အမည်လွှဲ) ဟု ခေါ်သော ကလေးငယ် ၏ မိသားစုဝင် ၅ ဦးစလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကွမ်ကျိုး ဆေးရုံတွင် ကုသမှု ခံယူနေကြသည်။ ချန်းချန် လေးကို အလှည့်ကျ ပြုစုစောင့်ရှောက်ရန် ကွမ်တုန်းပြည်နယ် ဒုတိယ အထွေထွေရောဂါကု ဆေးရုံ မှ စေတနာ့ဝန်ထမ်းသူနာပြု ၂၈ ဦးက တာဝန်ယူထားကြသည်။ ရံဖန်ရံခါတွင် သူနာပြုများက ကလေးကို ၎င်း၏ မိခင်ရှိရာ သီးသန့်အဆောင်သို့အလည်ခေါ်သွားတတ်သည်။၁၀ ရက်ကျော ်ကြာပြီးနောက် ချန်းချန် လေးမှာ COVID- 19 ကူးစက်မှုမှ ပျောက်ကင်းသက်သာလာသည့် မေမေနှင့်အတူ ဆေးရုံမှ ပြန်လာခဲ့ကြသည်။ (Xinhua)