Videos
တရုတ်နိုင်ငံက AI နည်းပညာ နှင့် စက်ရုပ်များ ကိုအသုံးပြုကာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ
ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ရန် အသိဉာဏ်တု (AI) နည်းပညာနှင့် စက်ရုပ်များ၊ အဆင့်မြင့် နည်းပညာ ထုတ်ကုန်ပစ္စည်းများကို အသုံးပြုလျက်ရှိသည်။ ဆေးရုံများတွင် ဆေးဝါးကုသမှုများနှင့် ပိုးသန့်စင်ခြင်းလုပ်ငန်းများတွင် စက်ရုပ်များကို အစားထိုးအသုံးပြုထားသည်။
TMiRob စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ Pan Jing က “ကျွန်တော်တို့ စက်ရုပ်က သူ့ပတ်ဝန်းကျင်က နေရာအနေအထားကို တွက်ချက်စစ်ဆေးပြီး နေရာတစ်ခုလုံးကို ပိုးသတ်ဆေးဖြန်းဖို့လိုအပ်တဲ့အချိန်မှာ ပိုးသတ်ဆေးဖြန်းမှာပါ စက်ရုပ်မှာတပ်ဆင်ထားတဲ့ ဆင်ဆာစနစ်က လူရှိမရှိကို အာရုံခံနိုင်ပါတယ် အနားမှာလူရှိရင် စက်ရုပ်က လူသားတွေကို အန္တရာယ်မဖြစ်စေတဲ့ စနစ်ကိုပြောင်းလိုက်ပြီးတော့ ထိုလူအများအနားက ထွက်ခွါရန် အချက်ပြပေးမှာ ဖြစ်ပါတယ်” ဟုဆိုသည်။
စက်ရုပ်များနှင့် ဒရုန်းများကို ရောဂါကာကွယ်ထိန်းချုပ်မှုများ အတွက် ပြည်သူများကို သတင်းအချက်အလက်မျှဝေရာတွင် အသုံးပြုခဲ့သည်။
ရှန်ဟိုင်းက ကင်းလှည့် ရဲစက်ရုပ်လေး “ကျွန်တော်ကတော့ ဟွမ်ပူးခရိုင်က ရဲအရာရှိနဲ့အတူ လာတဲ့ ရှန်ဟိုင်းကကင်းလှည့်ရဲစက်ရုပ်လေးပါ အားလုံးပဲ မျက်နှာဖုံးလေးတွေတပ်ထားပေးကြပါ တကိုယ်ရည်သန့်ရှင်းရေးကိုအထူးဂရုပြုကြပါ ပြီးတော့ လူထူထပ်နေတဲ့နေရာတွေကိုသွားလာခြင်းမှ ရှောင်ကြဉ်ကြပါ တကယ်လို့ နေထိုင်မကောင်းဘူးဖြစ်ရင် ဆေးဘက်ဆိုင်ရာအကူအညီတောင်းခံကြပါ”ဒရုန်းစောင့်ကြည့်စက်မှ အသံ “အန်တီတို့ မျက်နှာဖုံးတပ်ပြီးတော့ အိမ်ကိုပြန်ကြပါတော့နော် ဟုတ်တယ် အန်တီ ကိုပြောတာ စိတ်ချရအောင် အိမ်ကိုမြန်မြန်ပြန်ကြနော်”တရုတ်နိုင်ငံတွင် အိမ်မှ အလုပ်လုပ်ခြင်းသည် လက်ရှိအချိန်တွင် ခေတ်ရေစီးကြောင်းတစ်ခုပင်ဖြစ်လာခဲ့သည်
လျှပ်စစ်စွမ်းအင်ထုတ်လွှတ်ရေး စက်ရုံ၏ လုပ်ငန်းဆိုင်ရာစနစ်များ ကို စစ်ဆေးရန် အနီအောက်ရောင်ခြည်ကင်မရာ ကို အသုံးပြုထားသည့် စက်ရုပ်များ ကို တာဝန်ပေးအပ်ထားသည်။ ထိုစက်ရုပ်များက လျှပ်စစ်စွမ်းအင်ထုတ်လွှတ်ရေးစက်ရုံ၏ နေရာတိုင်းကို သေချာစွာစောင့်ကြည့်နိုင်သည်။ ၎င်းစက်ရုပ်များက လွဲချော်နေမှုများ ရှိပါက ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများထံ အချက်ပေးစနစ်ပို့လွှတ်၍ အသိပေးအကြောင်းကြားသည်။
ထို့အပြင် လေဆိပ်များ၊ မြေအောက်ရထားဘူတာများနှင့် အခြားလူထူထပ်သည့် နေရာများတွင် အသိဉာဏ်တုနည်းပညာသုံး ကိုယ်ပူချိန်တိုင်းတာရေး ကိရိယာများကိုလည်း တပ်ဆင်ထားကာ ဖျားနာသူများရှိမရှိကိုစောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။
ရဲအရာရှိဖြစ်သူ ကျောက်ဖျင်းယန် က “ကိုယ်ပူချိန်တိုင်းတာရေးစနစ်က ကျွန်တော်တို့ ဝန်ထမ်းအားလုံးနဲ့ခရီးသွားများအတွက် အန္တရာယ်ကင်းရှင်းစေတဲ့စနစ်ဖြစ်ပါတယ် ဒီစနစ်ကြောင့် ကျွန်တော်တို့ တိုက်ရိုက်ထိတွေ့စရာမလိုတော့ဘူးလေ”ဟုဆိုသည်။ (Xinhua)