Connect with us

Asia

အိန္ဒိယနိုင်ငံ ဒေလီမြို့၌ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေကြောင့် ပဋိပက္ခဖြစ်ပွားစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

နယူးဒေလီ ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံနယူးဒေလီမြို့တော်၌ အငြင်းပွားဖွယ်နိုင်ငံသားဥပဒေနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပွားမှုအတွင်း ဖေဖော်ဝါရီ ၂၄ ရက်က တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ဒေလီမြို့အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အိန္ဒိယနိုင်ငံသားအက်ဥပဒေပြင်ဆင်ချက်(CAA) အပေါ် ထောက်ခံသူများ နှင့် ကန့်ကွက်သူများအကြား ပဋိပက္ခအတွင်း ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၌ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေကြောင့် ဆန္ဒပြသူများ နှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွားနေစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေကြောင့် ဆန္ဒပြသူများ နှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွားနေစဉ်(ဆင်ဟွာ)

“ ဒီနေ့မှာ ပဋိပက္ခဖြစ်ကြတယ်၊ နှစ်ဖက်အုပ်စုအကြား ကျောက်ခဲတွေနဲ့အပြန်အလှန်ပစ်ကြတာပေါ့။ ရဲတပ်ဖွဲ့က အခြေအနေတွေကိုထိန်းသိမ်းဖို့ကြိုးစားခဲ့တယ် ” ရဲအရာရှိတစ်ဦးက မီဒီယာသို့ပြောကြားခဲ့သည်။ “ ကံဆိုးစွာနဲ့ပဲ ရဲတပ်ကြပ်ကြီးတစ်ဦး ပဋိပက္ခအတွင်း သေဆုံးသွားတယ် ” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။အဆိုပါရဲအရာရှိက ၎င်းတို့အနေဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ ဖော်ထုတ်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ဆန္ဒပြသူများသည် Jaffrabad နှင့် Maujpur ဒေသများတွင် အဓိကရုဏ်းမှုများ ဖန်တီးခဲ့ကြောင်း သတင်းများက ဆိုသည်။ယင်းဒေသများတွင် ဖေဖော်ဝါရီ ၂၃ ရက်က ထိပ်တိုက်တွေ့ဆုံမှုများစတင်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117