Videos
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိမရှိ CT Scan ရိုက်ကူးစစ်ဆေးနေ
ဝူဟန့်၊ မတ် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ပြည်သူများအကြား COVID-19 ကူးစက်ခံရမှုအခြေအနေကိုအချိန်နှင့်တစ်ပြေးညီ လေ့လာသိရှိနိုင်စေမည့် နည်းလမ်းများကို ချဲ့ထွင်စမ်းသပ်လျက်ရှိသည်။ ကွန်ပြူတာဖြင့်ခန္ဓာကိုယ် ဓါတ်မှန်ရိုက်ကူးခြင်း (C T Scan) က COVID-19 ကူးစက်ရောဂါ အစပျိုးအဆင့်ကို ခြေရာခံနိုင်သည်။ CT
နည်းပညာဖြင့် ရိုက်ကူးစစ်ဆေးခြင်းက ကူးစက်မှုရှိမရှိ သေချာပေါက် အဖြေမထုတ်နိုင်သော်လည်း ဆရာဝန်များစစ်ဆေးရာတွင်အထောက်အကူပြုနိုင်သည့် ပုံရိပ်များရရှိစေသည်။ လတ်တလော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသူများကို ကုသပေးသည့် ဝူဟန့်မြို့ရှိ ဆေးရုံတစ်ခုတွင် CT Scan ရိုက်ကူးကာရောဂါလက္ခဏာ
စစ်ဆေးနေသည့် အခြေအနေများကို ဆင်ဟွာသတင်းထောက် တစ်ဦးက သွားရောက်ရိုက်ကူးထားမှုများကို ဘာသာပြန်တင်ဆက်ပါသည်။