China
တရုတ်-အမေရိကန် ဆက်ဆံရေး သင်္ဘောကြီးက လှိုင်းဒဏ်လေဒဏ်များကို ကျော်လွှားဖြတ်သန်းကာ တည်ငြိမ်စွာ ရှေ့ဆက်ခရီးနှင်လျက်ရှိ
ပေကျင်း၊ မေ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ သမ္မတ ထရမ့်သည် မေ ၁၃ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်မည်ဖြစ်သည်။
ယင်းမှာ တရုတ်-အမေရိကန် နှစ်နိုင်ငံအကြီးအကဲများအနေဖြင့် ယမန်နှစ် အောက်တိုဘာလက ဘူဆန်တွေ့ဆုံဆွေးနွေးပွဲအပြီး ထပ်မံ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သလို အမေရိကန်နိုင်ငံ သမ္မတအနေဖြင့် ၉ နှစ်ကြာပြီးနောက် တရုတ်နိုင်ငံသို့ ထပ်မံလာရောက်ခြင်းလည်း ဖြစ်သည်။ သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ ထရမ့်နှင့်အတူ တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်း နက်ရှိုင်းစွာ ဖလှယ်သွားမည်ဖြစ်သည်။
ယခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ ထရမ့်နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာတွင် “နှစ်သစ်မှာ မိမိအနေနဲ့ အဆွေတော်နဲ့အတူ တရုတ်-အမေရိကန် ဆက်ဆံရေး ဟူသော သင်္ဘောကြီးကို ဦးဆောင်ကာ လှိုင်းဒဏ်လေဒဏ်များကို ကျော်လွှားဖြတ်သန်းပြီး တည်ငြိမ်စွာ ရှေ့ဆက်ခရီးနှင်လိုရာ အဓိကကျပြီး ကောင်းမွန်တဲ့အရာတွေကို ပိုပြီး ဆောင်ရွက်သွားလိုပါတယ်” ဟု ထောက်ပြပြောကြားခဲ့သည်။
တရုတ်-အမေရိကန် ဆက်ဆံရေးသည် အနိမ့်အမြင့်၊ အတက်အကျများကို ဖြတ်သန်း၍ ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ဖော်ဆောင်နိုင်ခဲ့သည့်ဖြစ်စဉ်ကို ပြန်ပြောင်းအောက်မေ့ကြည့်လျှင် အကြီးအကဲ သံတမန် ဆက်ဆံရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ အစဉ်အမြဲ “ပင်မ မဏ္ဍိုင်” ဖြစ်ပြီး အစားထိုးမရသည့် မဟာဗျူဟာ ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ရာ တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်ရန်နှင့် တိုးတက်ရန်အတွက် အရေးကြီးသည့် မဟာဗျူဟာ အာမခံချက် ပံ့ပိုးပေးခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ၊ ဇွန်နှင့် စက်တင်ဘာလများတွင် သမ္မတ ရှီကျင့်ဖိန်သည် ထရမ့်နှင့် ဖုန်းဖြင့် သုံးကြိမ်ဆက်သွယ်ပြီး နှစ်နိုင်ငံဆက်ဆံရေး မှန်ကန်သောဦးတည်ချက်သို့ တိုးတက်စေရန်အတွက် အရေးကြီး လမ်းညွှန်မှုပေးခဲ့သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ထရမ့်တို့ ၆ နှစ်ကြာပြီးနောက် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းမှာ နှစ်နိုင်ငံ အကြီးအကဲများအနေဖြင့် အမေရိကန်နိုင်ငံ အစိုးရသစ် တာဝန်ထမ်းဆောင်ချိန်မှစ၍ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ထိတွေ့ဆက်ဆံခြင်းလည်း ဖြစ်ပေသည်။ နှစ်နိုင်ငံအကြီးအကဲများအနေဖြင့် မိနစ် ၁၀၀ ကျော် ကြာမြင့်အောင် နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။
“နှစ်ဖက်အနေဖြင့် အကျိုးအမြတ်ကြီးကို ချိန်ဆ တွက်ချက်ကာ ပူးပေါင်းဆောင်ရွက်မှုမှ ဆောင်ကြဉ်းလာမည့် ရေရှည်အကျိုးစီးပွားကို ပို၍ ရှုမြင်သင့်ကြောင်း”၊ “တွေ့ဆုံဆွေးနွေးမှုက ထိပ်တိုက်ရင်ဆိုင်မှုထက် ပို၍ ကောင်းမွန်ကြောင်း”၊ “ယနေ့ကမ္ဘာကြီးတွင် အခက်အခဲများစွာ ရှိနေသေးရာ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံသည် နိုင်ငံကြီး၏ တာဝန်ဝတ္တရားကို အတူတကွ ထမ်းဆောင်၍ရကြောင်း” …… စသည်တို့မှာ သမ္မတ ရှီကျင့်ဖိန်၏ အမြော်အမြင်ကြီးမားမှုနှင့် ပြည့်စုံမှု၏ နက်ရှိုင်းသော အဆိုအမိန့်များဖြစ်ပြီး ကမ္ဘာအဆင့်ခေါင်းဆောင်၏ မိမိကိုယ်ကို ယုံကြည်မှု၊ တည်ငြိမ်မှု၊ သဘောထားကြီးမားမှုနှင့် တာဝန်ယူမှုကို ထပ်ဟပ်ပေါ်လွင်စေခဲ့သည်။
ဘူဆန် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယေဘုယျအားဖြင့် တည်ငြိမ်ကောင်းမွန်လာရာ နှစ်နိုင်ငံနှင့် နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုမှုကို ရရှိခဲ့သည်။ ယမန်နှစ် နိုဝင်ဘာလနှင့် ယခုနှစ် ဖေဖော်ဝါရီလတို့တွင် နှစ်နိုင်ငံ အကြီးအကဲများက ဖုန်းဖြင့် နောက်ထပ် နှစ်ကြိမ် ဆက်သွယ်ပြောဆိုခဲ့ကြရာ တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆက်လက် ပဲ့ကိုင်ထိန်းကျောင်းခဲ့သည်။
ယခုနှစ်တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံသည် အရေးကြီးအစီအစဉ်များစွာ ကိုယ်စီရှိကြသည်။ တရုတ်နိုင်ငံသည် “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကို အစပြု တာထွက်ပြီဖြစ်သလို အမေရိကန်နိုင်ငံအနေဖြင့်လည်း နိုင်ငံတည်ထောင်ခြင်း နှစ် ၂၅၀ ပြည့် အခါသမယသို့ ရောက်ရှိလာသည်။
ထို့ပြင် နှစ်နိုင်ငံအနေဖြင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး၊ G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးများကို အသီးသီး ကြီးမှူးကျင်းပကြမည် ဖြစ်သည်။ နှစ်နိုင်ငံ ပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်း အားလုံးက တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ တိုးတက်ရန်၊ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေရန်၊ ကမ္ဘာကြီးကို အကျိုးပြုရန် မျှော်လင့်ကြပေသည်။
ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံနှင့် ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် တရုတ်-အမေရိကန် နှစ်နိုင်ငံသည် “သဟဇာတဖြစ် သင့်မြတ်လျှင် နှစ်ဖက်အကျိုးဖြစ်ထွန်းပြီး ရန်လိုတိုက်ခိုက်လျှင် နှစ်ဖက်စလုံး အထိနာကြမည်” ဖြစ်သည်မှာ လက်တွေ့ဖြင့် အကြိမ်ကြိမ် စမ်းသပ်ပြီးဖြစ်သည့် အခြေခံအသိအမြင် ဖြစ်သည်။ လက်ရှိ ရှုပ်ထွေးစွာ ပြောင်းလဲလျက်ရှိသော နိုင်ငံတကာ အခြေအနေအောက်တွင် တည်ငြိမ်သည့် တရုတ်-အမေရိကန် ဆက်ဆံရေးက ကမ္ဘာကြီးအတွက် အဖိုးတန်သည့် တည်ငြိမ်မှုကို ဖြည့်တင်းရန် အထူးသဖြင့် လိုအပ်သည်။
“တန်းတူညီမျှမှုနှင့် လေးစားမှုရှိသော၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေလိုသော သဘောထားကို လက်ကိုင်ထားပြီး ရည်မှန်းချက်တူ လျှောက်လှမ်းရန်”၊ “တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများကို အားဖြည့်၍ ကွဲလွဲမှုများကို ကောင်းမွန် သင့်လျော်စွာ စီမံထိန်းချုပ်ရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်”၊ “ပူးပေါင်းဆောင်ရွက်မှုစာရင်းကို ပို၍များပြားစေပြီး ပြဿနာစာရင်းကို လျှော့ချရန်”၊ “ကောင်းမှုသည် သေးငယ်သည်ဟုဆိုကာ မလုပ်ဆောင်ဘဲ မနေရန်၊ မကောင်းမှုသည် သေးငယ်သည်ဟု ဆိုကာ မလုပ်ဆောင်မိစေရန်” စသည့် သမ္မတ ရှီကျင့်ဖိန်၏ အရေးကြီး အဆိုအမိန့်များသည် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်သောလမ်းကြောင်းကို လမ်းညွှန်မှုပေးခဲ့သည်။
တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယနေ့ခေတ် ကမ္ဘာကြီးတွင် အရေးကြီးဆုံးသော နှစ်ဖက်ဆက်ဆံရေးများအနက် တစ်ခုဖြစ်ရာ တရုတ်-အမေရိကန် နှစ်နိုင်ငံ၏ မဟာဗျူဟာ ရွေးချယ်မှုသည် ကမ္ဘာ့သမိုင်းဆင့်ကဲဖြစ်ပေါ်သည့်လားရာကို သက်ရောက်မှု ရှိပေသည်။ နိုင်ငံတကာအခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နိုင်ငံသည် မိမိနှင့် ကမ္ဘာတစ်ဝန်းလုံး၏ အခြေအနေအရပ်ရပ်နှင့် ရေရှည်အကျိုးစီးပွားရှုထောင့်မှ အမေရိကန်နှင့်ဆက်ဆံရေးကို အစဉ်တစိုက် ရှုမြင်၍ စီမံသွားမည်ဖြစ်ရာ ယင်းမှာ နှစ်နိုင်ငံပြည်သူနှင့် နိုင်ငံတကာအသိုက်အဝန်း၏ စိတ်ဆန္ဒနှင့်လည်းကိုက်ညီမှုရှိပေသည်။
တရုတ်-အမေရိကန် အကြီးအကဲများ မကြာမီတွေ့ဆုံကြတော့မည်ဖြစ်ရာ ကမ္ဘာက ပေကျင်းကို အာရုံစိုက်လျက်ရှိသည်။ လူအများကမူ နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်တွင် နှစ်ဖက်အနေဖြင့် ခဲယဉ်းစွာ ရရှိလာသော တည်ငြိမ်သည့်အခင်းအကျင်းအား ကာကွယ်ထိန်းသိမ်းရန်၊ မဟာဗျူဟာအသွင်၊ အပြုသဘောအသွင်၊ တည်ငြိမ်မှုအသွင်ရှိသော တရုတ်-အမေရိကန် ဆက်ဆံရေးကို ရှာဖွေကြိုးပမ်းတည်ဆောက်ရန်၊ ၂၀၂၆ ခုနှစ်ကို တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ စဉ်ဆက်မပြတ်တိုးတက်မှုရှိသော ပြယုဂ်နှစ် တစ်နှစ် ဖြစ်မြောက်လာစေရန် မျှော်လင့်လျက်ရှိကြပေသည်။ (Xinhua)
—————–
(Chinese Version)
第一观察|引领中美关系这艘大船穿越风浪、平稳前行
新华社北京5月11日电 题:引领中美关系这艘大船穿越风浪、平稳前行 新华社记者马卓言
应国家主席习近平邀请,美国总统特朗普将于5月13日至15日对中国进行国事访问。
这是中美两国元首继去年10月釜山之后再次面对面会晤,也是美国总统时隔9年再次访华。习近平主席将同特朗普总统就事关中美关系以及世界和平与发展的重大问题深入交换意见。
今年2月4日,习近平主席在同特朗普总统通电话时指出:“新的一年,我愿同你继续引领中美关系这艘大船穿越风浪、平稳前行,多办一些大事、好事。”
回望中美关系历经跌宕起伏实现总体稳定的过程,元首外交始终是中美关系的“定盘星”,发挥着不可替代的战略引领作用,为中美关系的改善和发展提供了重要战略保障。
2025年1月、6月、9月,习近平主席三次同特朗普通电话,为两国关系朝着正确方向发展作出重要指引。
2025年10月,韩国釜山,习近平主席和特朗普总统时隔6年再度会面,这也是两国元首自美国新政府就职以来首次面对面互动。两位领导人进行了长达100多分钟的深入交谈。
“双方应该算大账,多看合作带来的长远利益”“对话比对抗好”“当今世界还有很多难题,中国和美国可以共同展现大国担当”……习近平主席高屋建瓴的深刻论述,彰显世界级领袖的自信从容和胸怀担当。
釜山会晤之后,中美关系总体稳定向好,受到两国和国际社会普遍欢迎。去年11月和今年2月,两国元首又两度通话,持续为中美关系发展把舵领航。
今年,中美两国各自都有不少重要议程。中国“十五五”开局起步,美国将迎来建国250周年。两国将分别主办亚太经合组织领导人非正式会议、二十国集团领导人峰会。两国人民和国际社会都希望,中美关系能够健康稳定发展,造福两国、惠及世界。
作为世界上最大的发展中国家和最大的发达国家,中美“合则两利、斗则俱伤”是经过实践反复验证的常识。当前变乱交织的国际形势下,尤其需要一个稳定的中美关系为世界注入宝贵的稳定性。
“秉持平等、尊重、互惠的态度相向而行”“加强对话沟通,妥善管控分歧,拓展务实合作”“拉长合作清单、压缩问题清单”“不以善小而不为,不以恶小而为之”……习近平主席的一系列重要论述,为中美关系稳定、健康、可持续发展指明正确路径。
中美关系是当今世界最重要的双边关系之一,中美两国的战略选择影响世界历史的演进方向。无论国际风云如何变幻,中国坚持从自身与世界的整体和长远利益出发看待和处理对美关系,这符合两国人民和国际社会人心所向。
中美元首会晤在即,世界的目光聚焦北京。人们期待,在两国元首战略引领下,双方能够维护来之不易的稳定局面,探索构建具有战略性、建设性、稳定性的中美关系,让2026年成为中美关系走向健康、稳定、可持续发展的一个标志性年份。(完)
1. Chinese President Xi Jinping meets with U.S. President Donald Trump in Busan, South Korea, Oct. 30, 2025. (Xinhua/Huang Jingwen)
