Connect with us

China

မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝမ်တိန် ပြည်ဝင်ပြည်ထွက် နယ်စပ်စစ်ဆေးရေးဂိတ်မှ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များက ရွှေလီမြို့ ဝမ်တိန်ချန်ဟယ်ကုန်သွယ်ရေးကုမ္ပဏီလီမိတက်တွင် ပြည်ဝင်မူဝါဒအသိပညာပေးလှုပ်ရှားမှုပြုလုပ်ကာ စိန်တလုံးသရက်သီးများအား သရက်သီးဝယ်သူရောင်းချသူများနှင့်အတူ ပြသနေသည်ကို ၂၀၂၆ ခုနှစ် မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယူနန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

မကြာသေးမီရက်များတွင် မြန်မာ့အရည်အသွေးမြင့် စိန်တလုံးသရက်သီးများသည် တရုတ်-မြန်မာ နယ်စပ်ဂိတ်အများအပြားမှ တရုတ်ဈေးကွက်သို့ လျင်မြန်စွာဝင်ရောက်ခဲ့သည်။ နှစ်စဉ် ဧပြီလမှ ဇူလိုင်လသည် စိန်တလုံးသရက်သီး အထွက်နှုန်း အကောင်းဆုံးကာလဖြစ်ပြီး ယခုနှစ် မြန်မာ့သရက်သီးများ တရုတ်နိုင်ငံသို့ တင်ပို့မှုတွင် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်း ပိုမိုမြန်ဆန်လာခြင်းနှင့် တင်ပို့မှုပမာဏ ပိုမိုကြီးမားလာခြင်းဟူသော ကောင်းမွန်သည့် အလားအလာများ ပြသနေပေသည်။

မကြာသေးမီရက်က တန်ချိန် ၁၄ တန်ရှိသော မြန်မာနိုင်ငံမှ စိန်တလုံးသရက်သီးများသည် တရုတ်နိုင်ငံ ကူမင်းအကောက်ခွန်ဌာနလက်အောက်ရှိ မိန်းတိန်အကောက်ခွန်၏ ကြီးကြပ်အောက်တွင် ယူနန်ပြည်နယ် လျင်ချန်းမြို့အတွင်းရှိ မိန်းတိန်-ချင်းရွှေဟော် နယ်စပ်ဂိတ်မှ အကောက်ခွန်ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံ ပြည်တွင်းသို့ ချောမွေ့စွာ ဝင်ရောက်ခဲ့သည်။ ယင်းမှာ ထိုနယ်စပ်ဂိတ်တွင် သစ်သီးဝလံများအတွက် သတ်မှတ်ထားသော ကြီးကြပ်စစ်ဆေးရေးစခန်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလက စစ်ဆေးအတည်ပြုပြီး အသုံးပြုချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် သရက်သီးများ တင်သွင်းခြင်း ဖြစ်သည်။
မေ ၉ ရက်တွင် တရုတ်-မြန်မာ နယ်စပ် ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲအတွင်းရှိ ဝမ်တိန်ဂိတ် မောင်မန်လမ်းကြောင်းတွင် လတ်ဆတ်သော စိန်တလုံးသရက်သီး ၇၂ တန် တင်ဆောင်လာသည့် ကုန်တင်ကားများသည် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီးနောက် ၎င်းသရက်သီးများကို ကူမင်း၊ ချိန်တူး၊ ချုံချင့် စသည့် တရုတ်နိုင်ငံ မြို့ကြီးများရှိ သစ်သီးစျေးကွက်များသို့ အလျင်အမြန် ဆက်လက်ပို့ဆောင်ပေးခဲ့သည်။

မြန်မာနိုင်ငံမှ စိန်တလုံးသရက်သီးများသည် အချိုဓာတ်မြင့်မားခြင်း၊ အမျှင်နည်းပါးခြင်း၊ အခွံပါး၍ အသားထူခြင်း၊ ရနံ့မွှေးကြိုင်ခြင်း စသည့်ထူးခြားချက်များကြောင့် တရုတ်နိုင်ငံ စားသုံးသူများက အထူးနှစ်သက်အားပေးကြကြောင်း၊ စိန်တလုံးသရက်သီး ထွက်နှုန်းမြင့်ချိန်နှင့် တရုတ်ပြည်တွင်း သစ်သီးဝလံများ ထွက်ရှိသည့်ရာသီတို့မှာ အပြန်အလှန် ဖြည့်စွက်ပေးကာ စျေးကွက်အတွင်း ဝယ်လိုအား အလွန်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
သရက်သီးများ ဘေးကင်းထိရောက်စွာ အကောက်ခွန်ရှင်းလင်းလုပ်ဆောင်နိုင်စေရန်အတွက် တရုတ်နယ်စပ် သက်ဆိုင်ရာဌာနများသည် မကြာသေးမီက “အစိမ်းရောင်လမ်းကြောင်း” အထူး ဖွင့်လှစ်ခဲ့ကာ သက်ဆိုင်ရာ အစီအမံများစွာကို အကောင်အထည်ဖော်ခဲ့ပြီး လတ်ဆတ်သော သစ်သီးအတွက် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်း ထိရောက်မှုကို အရှိန်မြှင့်တင်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝမ်တိန် ပြည်ဝင်ပြည်ထွက် နယ်စပ်စစ်ဆေးရေးဂိတ်မှ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များက ရွှေလီမြို့ ဝမ်တိန်ချန်ဟယ်ကုန်သွယ်ရေးကုမ္ပဏီလီမိတက်တွင် ပြည်ဝင်မူဝါဒအသိပညာပေးလှုပ်ရှားမှုပြုလုပ်ကာ သရက်သီးဝယ်သူရောင်းချသူများနှင့် ဆွေးနွေးဖလှယ်နေသည်ကို ၂၀၂၆ ခုနှစ် မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
缅甸圣德龙芒果深受中国市场欢迎
新华社昆明5月11日电(记者孙敏、王贤思)近日,缅甸优质圣德龙芒果通过中缅边境多个口岸快速进入中国市场。每年4月至7月是圣德龙芒果的盛产期,今年缅甸芒果输华呈现通关更快捷、规模更大的良好态势。
近日,一批重量为14吨的缅甸圣德龙芒果,在昆明海关所属孟定海关监管下,从云南省临沧市境内的孟定清水河口岸顺利通关入境中国,这是该口岸进境水果指定监管场地自2025年12月验收投用以来,首次进口芒果。
5月9日,位于中缅边境云南省德宏州境内的畹町口岸芒满通道,载有72吨新鲜圣德龙芒果的货车入境中国,随后被迅速发往昆明、成都、重庆等中国各大城市水果市场。
据了解,缅甸圣德龙芒果以甜度高、纤维少、皮薄肉厚、香气浓郁等特点,深受中国消费者喜爱,其盛产期与中国国内鲜果上市季节形成互补,市场需求十分旺盛。
为保障芒果安全高效通关,中国边境有关部门近期专门开通“绿色通道”,实行一系列相关举措,为鲜果通关提速增效。(完)
5月9日,云南畹町出入境边防检查站民警在瑞丽市畹町长合商贸有限公司开展出入境政策宣传,与芒果采购商户共同展示新鲜的圣德隆芒果。新华社发 杨佳林 摄
5月9日,云南畹町出入境边防检查站民警在瑞丽市畹町长合商贸有限公司开展出入境政策宣传,与芒果采购商户进行交流。 新华社发 杨佳林 摄