Connect with us

International Organizations

ထရော့ဆက်ဒ်၏ နောက်ကျဂိုးကြောင့် အာဆင်နယ်က ပရီးမီးယားလိဂ်တွင် ငါးမှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်၊ ဝက်စ်ဟမ်းက တန်းဆင်းရမည့် အန္တရာယ်နှင့် ပိုမိုနီးကပ်လာ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်က အာဆင်နယ်အသင်းနှင့် ဘုန်းမောက်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီ အာဆင်နယ်ကစားသမားများ စုဝေးနေစဉ် (ဆင်ဟွာ)

လန်ဒန်၊ မေ ၁၁ ရက် (ဆင်ဟွာ)
မေ ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်- ၃၆ တွင် အာဆင်နယ်က လီယန်ဒရို ထရော့ဆက်ဒ်၏ နောက်ကျဂိုးနှင့်အတူ ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့ပြီး အဆင့်-၂ နေရာမှ မန်ချက်စတာစီးတီးကို ငါးမှတ်ဖြတ်ကာ ဦးဆောင်လျက်ရှိသည်။ သို့သော် ဝက်စ်ဟမ်းအသင်းမှာမူ တန်းဆင်းရမည့် အန္တရာယ်နှင့် ပိုမိုနီးကပ်လာခဲ့သည်။
နှစ်သင်းကြား ဂိုးသွင်းခွင့် သိသိသာသာကွာဟမှုမရှိဘဲ အကြိတ်အနယ်ရှိခဲ့သည့် အဆိုပါပွဲစဉ်၌ ပုံမှန်ပွဲချိန်ပြီးဆုံးရန် ၇ မိနစ်အလိုတွင် ဒက်ကလန်ရိုက်စ်နှင့် အပေးအယူလုပ်ရင်း ၁၅ မီတာအကွာမှ ကန်သွင်းခဲ့သည့် ထရော့ဆက်ဒ်၏ ဂိုးကန်ချက်မှာ လမ်းကြောင်းပြောင်း၍ ဂိုးဝင်သွားခဲ့သည်။
ပွဲပြီးခါနီးတွင် စိတ်လှုပ်ရှားစရာ အခြေအနေတစ်ခု ဖြစ်ပွားခဲ့ပြီး ထပ်ဆောင်းအချိန်ပို ၅ မိနစ်တွင် ဝက်စ်ဟမ်းတိုက်စစ်မှူး ကယ်လမ် ဝီလ်ဆင်၏ ကန်ချက်မှာ ဂိုးဝင်သွားခဲ့သော်လည်း VAR ပြန်ကြည့်ပြီးနောက် ကွင်းလယ်ဒိုင်က အဆိုပါသွင်းဂိုးကို ပယ်ဖျက်ခဲ့သည်။
ဝက်စ်ဟမ်းအသင်းမှာ အဆိုပါပွဲစဉ်၌ ရှုံးနိမ့်ခဲ့သည့်အတွက် ‌နော်တင်ဟမ်ဖောရက်စ်နှင့် လိဒ်စ်ယူနိုက်တက်တို့မှာ တန်းဆင်းရမည့်အန္တရာယ်မှ လွတ်မြောက်သွားခဲ့ပြီဖြစ်ကာ တော့တင်ဟမ် ဟော့စပါးအနေဖြင့်လည်း မေ ၁၁ ရက်တွင် အိမ်ကွင်း၌ လိဒ်စ်ကို အနိုင်ရရှိပါက ဝက်စ်ဟမ်းကို ၄ မှတ်ဖြတ်ထားနိုင်မည်ဖြစ်သည်။
မေ ၁၀ ရက် အစောပိုင်းပွဲစဉ် သုံးပွဲစလုံးမှာ သရေရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့ပြီး တန်းဆင်းသွားပြီဖြစ်သည့် ဘန်လေအသင်းက ဂုဏ်သိက္ခာဆယ်သည့်အနေဖြင့် ယူရိုပါလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်ထားသည့် အက်စတွန်ဗီလာကို အိမ်ကွင်း၌ သရေကစားနိုင်ခဲ့သည်။
အိမ်ရှင်ဘန်လေအသင်းအတွက် ဦးဆောင်ဂိုးကို ဂျိုင်ဒန် အန်သနီက သွင်းယူခဲ့ပြီး ပွဲချိန် ၄၂ မိနစ်တွင် ရော့စ် ဘာကလေက အက်စတွန်ဗီလာအတွက် ချေပဂိုးသွင်းယူခဲ့သည်။
ထို့နောက် ပွဲချိန် ၅၆ မိနစ်တွင် အိုလီ ဝက်ကင်စ်က ဗီလာအတွက် ဦးဆောင်ဂိုးပြန်လည်သွင်းယူခဲ့သော်လည်း နှစ်မိနစ်အကြာတွင် ဇီယန် ဖလမ်းမင်းက ပြန်လည်ချေပခဲ့သဖြင့် ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။
အဲဗာတန်အသင်းက ကွန်းဖရင့်စ်လိဂ် ဗိုလ်လုပွဲသို့ တက်ရောက်ထားသည့် ခရစ္စတယ်ပဲလေ့စ်၏ နှစ်ကြိမ်တိုင်တိုင် ချေပဂိုးသွင်းယူခြင်း ခံခဲ့ရသည့်အတွက် လာမည့်ရာသီ ဥရောပဝင်ခွင့် မျှော်လင့်ချက်များ ထိခိုက်ခဲ့ရသည်။
ပွဲအစ ၆ မိနစ်တွင် ဂျိမ်းစ် တာကောစကီးက အဲဗာတန်အတွက် အဖွင့်ဂိုးသွင်းယူခဲ့ပြီး အစ္စမေလာ ဆားက ပြန်လည်ချေပခဲ့သည်။ ပွဲချိန် ၄၇ မိနစ်တွင် ဘီတို၏ သွင်းဂိုးကြောင့် အဲဗာတန်အသင်း ပြန်လည်ဦးဆောင်ခွင့် ရခဲ့သော်လည်း ဂျင်-ဖိလစ် မာတေတာက ခရစ္စတယ်ပဲလေ့စ်အတွက် သရေတစ်မှတ် ရယူပေးခဲ့သည်။
နော်တင်ဟမ်ဖောရက်စ်နှင့် နယူးကာဆယ်ယူနိုက်တက်တို့၏ ပွဲစဉ်၌ ၇၄ မိနစ်တွင် ဟာဗီဘန်းစ်က ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ၈၈ မိနစ်တွင် အဲလိယက် အန်ဒါဆန်က ချေပဂိုးသွင်းယူခဲ့ခြင်းကြောင့် အိမ်ကွင်း၌ ၁ ဂိုးစီ သရေကျခဲ့ကာ ဖောရက်စ်အနေဖြင့် တန်းဆင်းရမည့် အန္တရာယ်မှ လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။ (Xinhua)

အီတလီနိုင်ငံ မီလန်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က အင်တာမီလန်အသင်းနှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ အာဆင်နယ်အသင်းနည်းပြချုပ် မစ်ကယ် အာတေတာ အမူအရာဖြင့် ညွှန်ကြားနေစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ ဘိုလော့ဂ်နာမြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်က ဘိုလော့ဂ်နာအသင်းနှင့် အက်စတွန်ဗီလာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ အက်စတွန်ဗီလာအသင်းမှ အိုလီ ဝက်ကင်စ် ဒုတိယဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

…………………
(English Version)
Late Trossard goal keeps Arsenal five points clear, leaves West Ham staring at relegation
LONDON, May 10 (Xinhua) — Leandro Trossard scored a late goal as Arsenal edged West Ham United 1-0 on Sunday, restoring its five-point lead over Manchester City at the top of the Premier League and possibly condemning West Ham to relegation to the second division.
In a tense game that could have gone either way, Trossard exchanged passes with Declan Rice and saw his shot deflected into the net from 15 meters with just seven minutes left to play.
There was late drama when West Ham striker Callum Wilson fired the ball into the Arsenal net in the fifth minute of stoppage time, but the goal was ruled out after a VAR check.
West Ham’s defeat means Nottingham Forest and Leeds United are now safe from relegation, while Tottenham Hotspur can move four points clear of West Ham with a home win over Leeds on Monday.
The three earlier kickoffs on Sunday all ended in draws, with Burnley salvaging some pride at home to UEFA Europa League finalist Aston Villa.
Jaidon Anthony put the already relegated home side ahead, while Ross Barkley equalized for Aston Villa in the 42nd minute.
Aston Villa took the lead through Ollie Watkins in the 56th minute, only for Zian Flemming to make it 2-2 two minutes later.
Everton’s hopes of qualifying for Europe next season suffered a setback as it was twice pegged back by Conference League finalist Crystal Palace.
James Tarkowski put Everton in front after six minutes, with Ismaila Sarr making it 1-1 and Jean-Philippe Mateta earning a point for Crystal Palace after Beto had restored Everton’s lead in the 47th minute.
Elliot Anderson scored an 88th-minute equalizer for Nottingham Forest that secured its survival in a 1-1 draw at home to Newcastle United, which had led through Harvey Barnes’ 74th-minute strike.
English Caption 1
Arsenal’s players form a pre-match huddle before the English Premier League match between Arsenal and Bournemouth in London, Britain, April 11, 2026. (Xinhua)
English Caption 2
Arsenal’s head coach Mikel Arteta gestures during the UEFA Champions League match between Inter Milan and Arsenal in Milan, Italy, Jan. 20, 2026. (Photo by Alberto Lingria/Xinhua)
English Caption 3
Aston Villa’s Ollie Watkins celebrates his second goal during the Europa League quarterfinal first leg football match between Bologna and Aston Villa in Bologna, Italy, April 9, 2026. (Photo by Alberto Lingria/Xinhua)