Connect with us

International Organizations

စစ်ရေးက ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အသွင်ကူးပြောင်းမှု၏ အရေးပါမှုကို မီးမောင်းထိုးပြလိုက်ကြောင်း ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်ဟောင်း ဆို

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုတွင် ‌မော်တော်ယာဉ်များ ဆီဖြည့်ရန် ဆီဆိုင်၌ တန်းစီစောင့်ဆိုင်းနေကြသည်ကို ၂၀၂၆ ခုနှစ် မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ မေ ၁၁ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းဒေသ စစ်ရေး ကြန့်ကြာနေခြင်းက ကမ္ဘာ့ရေနံဈေးကွက်တွင် ပြင်းထန်သော အတက်အကျများကို ဖြစ်ပေါ်စေခဲ့ပြီး နိုင်ငံအများအပြား အထူးသဖြင့် ဝင်ငွေနည်းပါးသောနိုင်ငံများ၏ စွမ်းအင်လုံခြုံရေးကို ရိုက်ခတ်ခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အသွင်ကူးပြောင်းမှု၏ အရေးပါသော အနက်အဓိပ္ပာယ်ကို မီးမောင်းထိုးပြခဲ့ကြောင်း ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်ဟောင်း Erik Solheim က ဆင်ဟွာသတင်းထောက်၏ မကြာသေးမီရက်က မေးမြန်းမှုတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ဟော်မုဇ်ရေလက်ကြား “ပိတ်ဆို့” နေခြင်းက ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်၊ ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးရေး စသည့် လုပ်ငန်းများအပေါ် ဖိအားများဖြစ်စေခဲ့ရာ “အတက်အကျ ကြမ်းသော ရေနံဈေးကွက်” အပေါ် မှီခိုမှုတတ်နိုင်သမျှ လျှော့ချရန်အတွက် နိုင်ငံအများအပြားသည် စွမ်းအင်ဖူလုံရေး ရှာဖွေရန် စတင်ကြိုးပမ်းခဲ့ရကြောင်း Solheim က သတင်းထောက်အား ပြောပြခဲ့သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖော်ဆောင်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ဘုံသဘောတူညီမှု ဖြစ်ခဲ့ပြီး အစိမ်းရောင်နည်းပညာသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လိုအပ်သည်သာမက စီးပွားရေးအရ ရွေးချယ်မှု မလွဲမသွေ ဖြစ်လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် ယနေ့ခေတ် ကုန်ကျစရိတ်အနည်းဆုံး၊ တိုးချဲ့နိုင်မှု အလားအလာ အကြီးမားဆုံးသော စွမ်းအင်ပုံစံဖြစ်သည်ဟု ၎င်းက ယူဆသည်။
အမြော်အမြင်ရှိသော အခင်းအကျင်းများမှ အကျိုးကျေးဇူးရရှိသောအားဖြင့် တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသစစ်ရေးကာလအတွင်း စွမ်းအင်ဈေးနှုန်းအတက်အကျ ရိုက်ခတ်ခံရမှု နည်းပါးခဲ့ကြောင်း Solheim က အထူးဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်စက်မှုလုပ်ငန်းများတွင် အရေးပါသော နေရာ၌ ရပ်တည်နေသလို ကဏ္ဍအများအပြားသည်လည်း ကမ္ဘာ့ထိပ်တန်းနေရာများတွင် တည်ရှိနေကြောင်း၊ ယင်းမှာ တရုတ်နိုင်ငံ၏ စွမ်းအင်လုံခြုံရေးကို သေချာစေရန် အရေးကြီးသော ထောက်တိုင်ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။
နိုင်ငံအသီးသီးအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ တက်ကြွစွာ လုပ်ဆောင်ကာ အစိမ်းရောင်အသွင်ပြောင်းမှုကို အရှိန်မြှင့်တင်သင့်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် စီးပွားရေး ဖွံ့ဖြိုတိုးတက်မှု လုပ်ငန်းစဉ်များတွင် ဟန်ချက်ညီမှုကို ပိုမိုကောင်းမွန်စွာ ရှာဖွေသင့်ကြောင်း Solheim က တိုက်တွန်းခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
联合国前副秘书长:战事凸显全球能源转型重要性
新华社布鲁塞尔5月11日电(记者殷晓圣)联合国前副秘书长埃里克·索尔海姆日前接受新华社记者采访时说,中东战事延宕引发全球石油市场剧烈波动,冲击不少国家特别是低收入国家能源安全,凸显全球能源转型的重要意义。
索尔海姆告诉记者,当前霍尔木兹海峡“梗阻”令全球能源、物流、农业等产业承压,让不少国家开始努力寻求能源安全,以期尽可能减少对“高度波动石油市场”的依赖。索尔海姆说,发展可再生能源已成为全球共识,绿色技术已不仅是环保需要,更成为经济上的必然选择。他认为,可再生能源是当今成本最低、最具规模化潜力的能源形式。
索尔海姆特别提到,得益于前瞻性布局,中国在中东战事期间受到能源价格波动的冲击相对较小。他说,中国在全球绿色产业中占据重要位置,不少领域位于世界前列。这是中国确保能源安全的重要支撑。
索尔海姆呼吁,各国应积极开展合作,加快绿色转型,在保护环境和发展经济过程中更好地寻找平衡。(完)
图说:3月17日,在斯里兰卡首都科伦坡,人们在加油站附近排队等待为车辆加油。 新华社发(蒂拉纳·卡卢托塔格摄)