Videos
ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် စက်ရုပ်သူနာပြု ၃ ရုပ် က ဝိုင်းဝန်းအားဖြည့်
လျောင်နင်း၊ မတ် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ လျောင်နင်းပြည်နယ် စိန်ရန်မြို့ ရှိ အမှတ် (၄) ပြည်သူ့ဆေးရုံ၌ သီးသန့်အဆောင်များတွင် ထားရှိသည့် လူနာများကို စက်ရုပ်သူနာပြု ၃ ရုပ် က COVID-19 တိုက်ဖျက်ရေးပါဝင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ စက်ရုပ်များက လူနာများအတွက် အစားအသောက်များ၊ ရေနှင့် ဆေးဝါးများကို သယ်ဆောင်ပေးကြပြီး တစ်ကြိမ်လျှင် ၁၀ ကီလို ဂရမ် အလေးချိန်အထိ အများဆုံး သယ်ဆောင်နိုင်ကြသည်။ Siasun စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်းက ထုတ်လုပ်ခဲ့သည့် အဆိုပါစက်ရုပ်များသည် အင်တာနက်အခြေခံသောစနစ်ဖြင့် လူသားများ၏ အမှာစကားကိုလက်ခံကာဝန်ဆောင်မှု ပေးနိုင်ကြောင်းသိရသည်။ စက်ရုပ်သူနာပြုများကို အသုံးပြုခြင်းဖြင့် ရောဂါပိုးအပြန်အလှန်ကူးစက်ခြင်းကိုကာကွယ်နိုင်ပြီး ရောဂါကာကွယ်ရေးပစ္စည်းများစွာ အသုံးပြုမှုကိုလျှော့ချပေးနိုင်ကြောင်းသိရသည်။ (Xinhua)