Connect with us

WORLD

အီရန်နိုင်ငံ တီဟီရန်မြို့၌ ရောဂါကူးစက်နိုင်မှု အန္တရာယ်နည်းပါးသည့် လုပ်ငန်းများ လာမည့်အပတ်တွင် ပြန်လည်စတင်မည်ဟုဆို

အီရန်နိုင်ငံ တီဟီရန်မြို့တွင် စေတနာ့ဝန်ထမ်းများက ပိုးသတ်ဆေးများလိုက်လံ ဖြန်းပေးနေသည်ကို မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ဧပြီ ၁၃ ရက်(ဆင်ဟွာ) 

အီရန်နိုင်ငံ မြို့တော် တီဟီရန်ရှိ ရောဂါကူးစက်နိုင်မှုအန္တရာယ်နည်းပါးသော လုပ်ငန်းများအနေဖြင့် လာမည့်အပတ်တွင် ပြန်လည် စတင်လည်ပတ်မည်ဖြစ်ကြောင်း အီရန် သမ္မတ ရိုဟာနီက ဧပြီ ၁၂ ရက်တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားရေးဌာန အစည်းအဝေး၌ ပြောကြားခဲ့သည်။

 ရောဂါကူးစက်မှုအန္တရာယ်နည်းပါးသော လုပ်ငန်းများကို ပြန်လည်လည်ပတ်ခြင်းမှာ အီရန် “smart distancing plan”၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၊ အချို့ ပြည်နယ်များတွင် ဧပြီ ၁၁ ရက်က စတင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း နှင့် တီဟီရန်တွင် ဧပြီ ၁၈ ရက်၌ စတင် အကောင်အထည်ဖော် သွားမည် ဖြစ်ကြောင်း ရိုဟာနီက ဆိုသည်။ 

အီရန် ကျန်းမာရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာဌာနများမှတစ်ဆင့် ရောဂါကူးစက်မှုအန္တရာယ် နည်းသော လုပ်ငန်းဌာနများ အလုပ်လုပ်ကိုင်ခွင့် ကုဒ်(authorization code)များ ပေးထားပြီးဖြစ်ရာ ၎င်းလုပ်ငန်းဌာနများအနေဖြင့် သီးသန့်ဝဘ်ဆိုက်များမှ ကျန်းမာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံသည် ဧပြီ ၁၁ ရက်မှစ၍ “smart distancing plan”ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစီအစဉ်အရ  ရောဂါကူးစက်မှုအန္တရာယ် နည်းသောလုပ်ငန်းများသည် ကျန်းမာရေး သတ်မှတ်ချက်စည်းမျဉ်းစည်းကမ်းကို တင်းကြပ်စွာ လိုက်နာဆောင်ရွက်ကာ လုပ်ငန်းဆောင်တာများကို ပြန်လည်လည်ပတ်ရမည်ဖြစ်ကြောင်း ၊ လူစုလူဝေး သို့မဟုတ် ပတ်ဝန်းကျင်ကြောင့် ရောဂါကူးစက်မှုအန္တရာယ်မြင့်မားသော လုပ်ငန်းများကို ဆက်လက် ရပ်ထားထားမည်ဖြစ်ကြောင်းသိရသည်။

ဧပြီ ၁၂ ရက် နေ့လယ်ပိုင်းအချိန်အထိ အီရန်နိုင်ငံ၌ အသစ်ထပ်တိုး အတည်ပြုလူနာ ၁,၆၅၇ ဦးရှိရာ စုစုပေါင်း အတည်ပြုလူနာ ၇၁,၆၈၆ ဦးထိ ရှိသွားပြီဖြစ်ကြောင်း သိရသည် ။ ၎င်းတို့အနက် သေဆုံးသူ ၄,၄၇၄ ဦး ၊ ရောဂါသက်သာပျောက်ကင်းသွားသူ ၄၃,၈၉၄ ဦး၊ ရောဂါပြင်းထန်သူ ၃,၉၃၀ ဦး ရှိကြောင်း သိရ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.