Connect with us

WORLD

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ စာရင်းပြုစုချက်အရ ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၄ သန်းကျော်ထိ ရှိလာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၌ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၂ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဥရောပ အလယ်ပိုင်း ဒေသစံတော်ချိန် မေ ၁၁ ရက် ၁၀ နာရီ တွင် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် တစ်ရက် အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာ၌ COVID-19 ထပ်မံ ကူးစက်ခံရသူ ၈၈,၈၉၁ ဦး ရှိ ပြီး စုစုပေါင်း ကူးစက်ခံရသူ ၄,၀၀၆,၂၅၇ ဦး အထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် သေဆုံးသူ ၄,၅၃၁ ဦး တိုးမြင့်လာခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၂၇၈,၈၉၂ ဦး အထိရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ Johns Hopkins University ၏ ထုတ်ပြန်ကြေညာချက်အရ ဒေသစံတော်ချိန် မေလ ၁၁ ရက် ၁၈ နာရီ အချိန်ထိ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါ ကူးစက်ခံရသူ ၄,၁၆၈,၄၂၇ ဦး ရှိပြီး ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၂၈၅,၄၄၅ ဦး ရှိကြောင်း ၊ အမေရိကန် နိုင်ငံ တွင် ရောဂါ ကူးစက်ခံရသူ ၁,၃၄၅,၁၆၃ ဦး ရှိလာပြီး သေဆုံးသူ ၈၀,၂၉၇ ဦး အထိ ရောက်ရှိလာကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံ အသီးသီး အနေဖြင့် အီတလီ နိုင်ငံ၌ မေ ၁၁ ရက်တွင် ထပ်မံ ကူးစက်ခံရသူ ထောင်ဂဏန်း မှ ရာ ဂဏန်းသို့ စတင် လျော့ကျ ခဲ့ကြောင်း ၊ စပိန် နိုင်ငံ တွင် မေလ ၁၁ ရက် ၌ သေဆုံးသူ ၁၂၃ ဦး ရှိကြောင်း ၊ ပြင်သစ် နိုင်ငံ တွင် မေလ ၁၁ ရက်ထိ သေဆုံးသူ ၂၆,၆၄၃ ဦး ရှိကြောင်း ၊ စင်ကာပူ နိုင်ငံ တွင် မေလ ၁၁ ရက်ထိ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၃,၈၂၂ ဦးရှိပြီး သေဆုံးသူ  ၂၁ ဦး ရှိကြောင်း သိရှိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.