Connect with us

CHINA

ကိုရိုနာဗိုင်းရပ်စ် မူလနေရာဟု နိုင်ငံရေးကစားခြင်း ၊ ပြက်ရယ်ပြုခြင်းကို တရုတ်နိုင်ငံက ခိုင်ခိုင်မာမာ ဆန့်ကျင် 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းအား မေ ၂၆ ရက်ကပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ မူလနေရာဟု နိုင်ငံရေးကစားခြင်းနှင့် ပြက်ရယ်ပြုခြင်းများကို အခိုင်အမာ ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက ဂျပန်နိုင်ငံ ခေါင်းဆောင်၏ မကြာသေးမီက မှတ်ချက်စကားများအပေါ် မေ ၂၆ ရက်တွင် တုံ့ပြန်ပြောကြားလိုက်သည်။ 

ကိုရိုနာဗိုင်းရပ်စ် မူလအစသည် သိပ္ပံနည်းကျ အချက်အလက်များကိုအခြေခံပြီး သိပ္ပံပညာရှင်များနှင့် ဆေးပညာကျွမ်းကျင်သူများ လေ့လာရမည့် သိပ္ပံပညာရပ်ဆိုင်ရာပြဿနာများဖြစ်သည်ဟု  ကျောက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါကို ပူးပေါင်းတိုက်ဖျက်ရန် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အားထုတ်မှုများ ၊ မျှော်လင့်ချက်များ အပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး ၊သုတေသနအဖွဲ့အစည်း များ၊ ဆေးပညာရှင်များ၏ ပညာရှင်ဆန်သည့်အမြင်များကို ဆန့်ကျင်ပြောဆိုမှုဖြစ်သော ဗိုင်းရပ်စ်၏ မူလအစနှင့်ပတ်သက်၍ နိုင်ငံရေးကစားခြင်း နှင့် ပြက်ရယ်ပြုခြင်းများအပေါ် တရုတ်နိုင်ငံက အခိုင်အမာ ဆန့်ကျင်ကြောင်း ၎င်းကဆိုသည်။

သိပ္ပံနည်းကျ အကဲဖြတ်မှုများကို ကျော်လွန်ပြီး နိုင်ငံရေးအရ မျက်ကန်းတစ္ဆေ မလုပ်သင့်ကြောင်းနှင့် စည်းလုံးညီညွတ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကသာ လူသားများအတွက် ကပ်ရောဂါကို အနိုင်ယူရန် စွမ်းအားအပြည့်ဝဆုံး လက်နက် ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117