Connect with us

Culture & Entertainment

ပုဂံဟိုတယ်မဟာဗျူဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ တွင် အပြီးဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိ 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်း တို့ပူးပေါင်း၍ Bagan Hotel Strategy (ပုဂံဟိုတယ်မဟာဗျူဟာ) ကို ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာတွင် အပြီးဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ပုဂံဌာနခွဲ မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက် က ဆင်ဟွာ သို့ သြဂုတ် ၁၈ ရက်တွင်ပြောကြားသည်။

“ကမ္ဘာ့အမွေအနှစ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဟန်ချက်ညီဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ မူလကတည်းက ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ မှာတော့ ကျွန်တော်တို့ အပြီးဆောင်ရွက်သွားဖို့ရှိပါတယ်။ COVID-19 ရောဂါကြောင့်၊ ပညာရှင်နဲ့ ဆွေးနွေးရတာ အခက်အခဲအနည်းငယ်ရှိပါတယ်’’ ဟု ၎င်းကဆိုသည်။ 

အဆိုပါမဟာဗျူဟာရေးဆွဲခြင်း နှင့် ပတ်သက်၍ ဟိုတယ် ဘက်က လိုက်နာ ဆောင်ရွက်နိုင်ခြင်း၊ မဆောင်ရွက်နိုင်ခြင်းအပါအဝင် ဆွေးနွေးစရာများ ကျန်ရှိနေသေးကြောင်း သိရသည်။၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်သည် ပုဂံရှေးဟောင်းအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရခြင်း ၁ နှစ်ပြည့်မြောက်သည့် နေ့ဖြစ်သည်။ ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်ရောက်ပြီးသည့်နောက်ပိုင်း တွင် ဆက်လက်ဆောင်ရွက်ရမည့် အချက် ပေါင်း ၁၉ ချက်ရှိကြောင်းကြောင်း သိရသည်။

“ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ ပုဂံ မှာ အမွေအနှစ် နဲ့ ဟိုတယ်တွေ ဟန်ချက်ညီညီရှိဖို့ ဆွေးနွေးတဲ့အခါ မှာ  ဟန်ချက်မညီတဲ့ အဆောက်အဦတွေ ကို ပြန်ဖျက်သိမ်းခြင်းများဆောင်ရွက်ဖို့ တွေကို ဆက်ပြီး ဆွေးနွေးသွားဖို့ရှိပါတယ်။’’ ဟု ၎င်းက ရှင်းပြသည်။

Property Area ထဲတွင် ရှိသည့် ဟိုတယ်များက  အမွေအနှစ် နှင့် လိုက်ဖက်၍ ကမ္ဘာ့ အမွေအနှစ် စည်းမျဉ်းစည်းကမ်းများ နှင့် ကိုက်ညီစေရန်  ရေရှည် မည်သို့  စီမံမည်ဆိုသည့်အပိုင်းများဆွေးနွေးရန် ကျန်ရှိသေးကြောင်း၊ ပုဂံဟိုတယ်မဟာဗျူဟာရေးဆွဲပြီးစီးပါက အမွေအနှစ် နှင့် ဖွံ့ဖြိုးမှု ဟန်ချက်ညီလာမည်ဖြစ် ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117