Connect with us

CHINA

စစ်တမ်းဖြေဆိုသူ ၇၄ ရာခိုင်နှုန်းက COVID-19 ကာကွယ်ဆေးရယူလိုကြောင်း ဖော်ပြ

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ Sinovac Biotech လီမိတက်တွင် COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာကို ဝန်ထမ်းတစ်ဦးက ပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့စီးပွားရေးဖိုရမ်ဆိုင်ရာ Ipsos က ထင်မြင်ချက်ကောက်ယူထားသည့် စစ်တမ်းအရ ကမ္ဘာတစ်ဝန်းရှိ စစ်တမ်းဖြေဆိုသူ လေးပုံသုံးပုံခန့်က COVID-19 ကာကွယ်ဆေး အသုံးပြု၍ရသည့်အဆင့်ရောက်ရှိလာပါက ကာကွယ်ဆေးကို ရယူလိုကြောင်း ဖော်ပြထားသည်။  

အဆိုပါ စစ်တမ်းတွင် နိုင်ငံ ၂၇ နိုင်ငံမှ လူ ၂၀,၀၀၀ နီးပါး ပါဝင်ပြီး တရုတ်နိုင်ငံတွင် စိတ်အားထက်သန်မှုအများဆုံးဖြစ်ကာ ရုရှားနိုင်ငံတွင် အနည်းဆုံးဖြစ်ကြောင်း သိရသည်။ကျွမ်းကျင်သူများက ကမ္ဘာတစ်ဝန်းရှိ လူဦးရေ လေးပုံတစ်ပုံကျော် ကာကွယ်ဆေးမရနိုင်မည်ကို စိုးရိမ်ပူပန်လျက်ရှိသည်ဟု ဆိုသည်။

“ကာကွယ်ဆေးအပေါ် စိတ်ချရမှု၂၆ ရာခိုင်နှုန်း လိုအပ်ချက်က ထွက်ရှိလာတဲ့ COVID-19 ကာကွယ်ဆေးရဲ့ ထိရောက်မှုကို အပေးအယူလုပ်ဖို့ လုံလုံလောက်လောက်အရေးကြီးပါတယ်” ဟု ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် အနာဂတ် ကျန်းမာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပုံဖော်ခြင်း အကြီးအကဲ Arnaud Bernaert က ပြောခဲ့သည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117