Connect with us

Science & Technology

မြန်မာနိုင်ငံအတွင်း ဝေးလံသောဒေသများ ၌ ဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ အသုံးပြု၍ ကွန်ရက်တည်ဆောက်မည်

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ နေပြည်တော်တွင် ကွင်းဆင်းဆောင်ရွက်မှုများပြုလုပ်စဉ် (ဓာတ်ပုံ--ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်း ဝေးလံသောဒေသများ ၌ ဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ အသုံးပြု၍ ကွန်ရက်တည်ဆောက်ရန် နိုဝင်ဘာလ တွင် ပထမအဆင့် တင်ဒါယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက “ဝေးလံတဲ့ဒေသတွေမှာ ဆက်သွယ်ရေး ကွန်ရက်တည်ဆောက်ဖို့ ရန်ပုံငွေ ကျပ်ဘီလီယံ ၁၀၀ ရရှိထားပါတယ်။နိုဝင်ဘာလ မှာ တင်ဒါ အတွက် လုပ်နေပါတယ်။ အနည်းဆုံးပမာဏနဲ့ တင်တဲ့ အော်ပရေတာ ကို တည်ဆောက်ဖို့ခွင့်ပြုပေးမှာပါ’’ ဟုဆင်ဟွာသို့ စက်တင်ဘာ ၁၆ ရက်တွင် ပြောသည်။ 

အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းပေးရေးစီမံကိန်း အတွက် ပထမအဆင့် တင်ဒါယှဉ်ပြိုင်မှု ကို နိုဝင်ဘာလ၊ ဒုတိယအဆင့် တင်ဒါယှဉ်ပြိုင်မှု ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလနှင့် တတိယအဆင့် တင်ဒါယှဉ်ပြိုင်မှုတို့ ကို ဖေဖော်ဝါရီလ တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117