Connect with us

Economy

တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ ပထမဆုံးအကြိမ် စမတ်စက်မှုလုပ်ငန်း ကုန်စည်ပြပွဲ ပူးတွဲကျင်းပ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်တွင် ၂၀၂၀ ပြည့်နှစ် တရုတ်နိုင်ငံ အွန်လိုင်း စမတ်ကုန်စည်ပြပွဲရှိ ပြခန်းတစ်ခုတွင် ဝန်ထမ်းတစ်ဦးက ထုတ်ကုန်တစ်မျိုးပြသနေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်တွင် ၂၀၂၀ ပြည့်နှစ် တရုတ်နိုင်ငံ အွန်လိုင်း စမတ်ကုန်စည်ပြပွဲ (2020 Smart China Expo Online) ကို စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့ပြီး ပထမဆုံးအကြိမ် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ ပူးတွဲကျင်းပသည့်ပြပွဲလည်း ဖြစ်သည်။

၂၀၁၈ ခုနှစ်ကစ၍ နှစ်ကြိမ်တိုင်ကျင်းပပြီးခဲ့သော အဆိုပါ ပြပွဲသည် စမတ် စက်မှုလုပ်ငန်းတွင် ကမ္ဘာလုံးဆိုင်ရာ စမတ်နည်းပညာဖလှယ်မှုများနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ပလက်ဖောင်းတစ်ခုအဖြစ် ဖြည့်ဆည်းပေးလျက်ရှိသည်။
စင်ကာပူ ကုမ္ပဏီ ၃၀ ကျော်တို့ကလည်း စင်ကာပူနိုင်ငံမှနေ၍ အဆိုပါပြပွဲသို့ အွန်လိုင်းမှတစ်ဆင့် ပါဝင်ပြသခဲ့ပြီး ဉာဏ်ရည်မြင့် ထုတ်ကုန်များနှင့် နည်းပညာဆိုင်ရာ ဖြေရှင်းမှုများကို ခင်းကျင်းပြသခဲ့သည်။

တရုတ်နိုင်ငံသည် ကြီးမားသော ဈေးကွက်ကြီးတစ်ခုဖြစ်ပြီး ၎င်း၏ ဉာဏ်ရည်မြင့် အသွင်ကူးပြောင်းမှုက တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအသစ်ကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊  စင်ကာပူကုမ္ပဏီများအနေဖြင့် ကုန်စည်ပြပွဲမှတစ်ဆင့် တရုတ်နိုင်ငံ၏ ဉာဏ်ရည်မြင့် နည်းပညာအခွင့်အလမ်းများတွင် မျှဝေရန် မိတ်ဖက်များ ပိုမိုရှာဖွေနိုင်ရန် မျှော်လင့်ထားကြောင်း Skylab Services Pte. Ltd၏ မန်နေဂျင်းဒါရိုက်တာ Stephen Ho က အွန်လိုင်းတွေ့ဆုံမေးမြန်းမှု၌ ပြောခဲ့သည်။

“COVID-19 က နေ့စဉ်ဆက်သွယ်မှုမှာ ဒီဂျစ်တယ်ဗဟိုပြုဖြစ်လာစေပါတယ်။ တရုတ်နိုင်ငံနဲ့အခြားသော နိုင်ငံတွေလိုပဲ စင်ကာပူနိုင်ငံကလည်း အခက်အခဲကို အခွင့်အလမ်းအဖြစ် ပြောင်းလဲဖို့ စိတ်ဝင်စားလာပါတယ်။ ကျွန်မတို့တွေ အခက်အခဲကို အခွင့်အလမ်းအဖြစ် ပြောင်းလဲကြပါစို့။ ဒါဟာ ကျွန်မတို့ရဲ့ စီးပွားရေးကဏ္ဍတိုင်းမှာ တန်ဖိုးသစ်နဲ့ စီးပွားရေးပုံစံတွေ လမ်းဖွင့်ဖို့ ဒီဂျစ်တယ်နည်းပညာတွေကို အသုံးပြုရေး ရှာဖွေတာဖြစ်ပါတယ်” ဟု စင်ကာပူနိုင်ငံ လူ့စွမ်းအားဝန်ကြီးဌာန ဝန်ကြီး Josephine Teo ပြောခဲ့သည်။
ယခင်ကပြုလုပ်ခဲ့သော ပြပွဲနှစ်ခုတွင် စင်ကာပူနိုင်ငံက ဂုဏ်ထူးဆောင် ဧည့်သည်နိုင်ငံအဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ်ပြပွဲတွင်မူ စင်ကာပူနိုင်ငံက ပြပွဲဖြစ်မြောက်ရေးစီစဉ်သူအဖြစ် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး တရုတ်-စင်ကာပူ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် နက်ရှိုင်းစေခဲ့သည်။

ယခုနှစ်သည် တရုတ်-စင်ကာပူ (ချုံချင့်) မဟာဗျူဟာမြောက် ကွန်ရက်ချိတ်ဆက်မှု သရုပ်ပြ အဆိုပြုချက်၏ ငါးနှစ်မြောက်အခါသမယလည်း ဖြစ်သည်။ ၎င်းအဆိုပြုချက်သည် ငွေကြေး၊ လေကြောင်း၊ ထောက်ပံ့သယ်ပို့နှင့် သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ စသည့်ကဏ္ဍများကို လွှမ်းခြုံထားသည့် အစိုးရချင်းချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်သည်။

ယင်း အဆိုပြုချက် မူဘောင်အောက်တွင် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် ခန့်မှန်းခြေ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံရှိသော အမျိုးမျိုးသောပလက်ဖောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် ၆၈ ခုနှင့် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ၂၂၈ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

စင်ကာပူနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပြပွဲကို ပူးတွဲကျင်းပခြင်းဖြင့် နှစ်နိုင်ငံ ကုမ္ပဏီများကို အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံဈေးကွက်များ၌ စီးပွားရေးအခွင့်အလမ်း ရှာဖွေနိုင်စေကာ တီထွင်ဆန်းသစ်မှုဂေဟစနစ် တည်ဆောက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန် မျှော်လင့်ထားကြောင်း စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာန ကိုယ်စားလှယ်များက ဗီဒီယိုကွန်ရက်အစည်းအဝေးတစ်ခု၌ ပြောကြားခဲ့သည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117