Connect with us

WORLD

အစ္စရေးနိုင်ငံတွင် COVID-19 ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်း အသွားအလာ ကန့်သတ်မှု (Lockdown) အပြည့်အဝလုပ်ဆောင်

အစ္စရေးနိုင်ငံ အလယ်ပိုင်း Tel Aviv မြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ယာဉ်မောင်းတစ်ဦးအား စစ်ဆေးနေသည့် ရဲမေတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ- Gideon Markowicz/JINI via Xinhua)

ဂျေရုဆလမ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာ ၁၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂:၀၀ နာရီမှ စတင်၍ နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်မှု (Lockdown) အပြည့်အဝလုပ်ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပိတ်ပင်မှုမပြုလုပ်မီ နာရီအနည်းငယ်ခန့်က အစ္စရေးနိုင်ငံ ဝန်ကြီးချုပ်ရုံးနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့က ပြည်သူများအနေဖြင့် နေအိမ်မှ အပြင်သွားရောက်နိုင်သည့် အကွာအဝေးကန့်သတ်ချက် ပြောင်းလဲခြင်းအတွက် ပူးတွဲထုတ်ပြန်ချက်တစ်ရပ်ကို ကြေညာခဲ့သည်။

အစ္စရေးနိုင်ငံတွင် နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်မှု အပြည့်အဝလုပ်ဆောင်ပြီးနောက် အခြေအနေများကို မြင်တွေ့ရစဉ် (ဓာတ်ပုံ- Gil Cohen Magen/Xinhua)

အစ္စရေးနိုင်ငံတွင် နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်မှု အပြည့်အဝလုပ်ဆောင်ပြီးနောက် အခြေအနေများကို မြင်တွေ့ရစဉ် (ဓာတ်ပုံ- Gil Cohen Magen/Xinhua)

ထုတ်ပြန်ချက်အရ ပြည်သူများအနေဖြင့် နေအိမ်မှပြင်ပသို့သွားရောက်နိုင်သည့် အကွာအဝေးကို ယခင်စီစဉ်ထားသော ၅၀၀ မီတာအစား ၁ ကီလိုမီတာအထိ ကန့်သတ်ထားရှိကြောင်း သိရသည်။

အသွားအလာကန့်သတ်မှုသည် အနည်းဆုံး သီတင်းပတ်သုံးပတ်ခန့်ကြာမြင့်မည်ဖြစ်ပြီး ထိုအချိန်အတွင်း ဂျူး နှစ်သစ်ကူး အပါအဝင် ဂျူးလူမျိုးများ၏ အားလပ်ရက်လေးရက်လည်း ပါဝင်ကြောင်း သိရသည်။

အစ္စရေးနိုင်ငံတွင် နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်မှု အပြည့်အဝလုပ်ဆောင်ပြီးနောက် အခြေအနေများကို မြင်တွေ့ရစဉ် (ဓာတ်ပုံ- Gil Cohen Magen/Xinhua)

အစ္စရေးနိုင်ငံတွင် နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်မှု အပြည့်အဝလုပ်ဆောင်ပြီးနောက် အခြေအနေများကို မြင်တွေ့ရစဉ် (ဓာတ်ပုံ- Gil Cohen Magen/Xinhua)

အစ္စရေးနိုင်ငံတွင် နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်မှု အပြည့်အဝလုပ်ဆောင်ပြီးနောက် အခြေအနေများကို မြင်တွေ့ရစဉ် (ဓာတ်ပုံ- Gil Cohen Magen/Xinhua)

ထို့ပြင် အလုံပိတ်နေရာမဟုတ်သောနေရာတွင် လူဦးရေ ၂၀ ကျော် စုဝေးခြင်းနှင့် မိုးလုံလေလုံနေရာတွင် လူ ၁၀ ဦးကျော်အထိ စုဝေးခြင်းကို တားမြစ်ခြင်းများလည်း ပါဝင်သည်။

အဆိုပါ ကန့်သတ်မှုတွင် ဈေးဆိုင်များ၊ ယဉ်ကျေးမှု၊ ဖျော်ဖြေရေး၊ အနားယူစခန်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ နေရာများအားလုံးကိုလည်း ပိတ်ထားရန်လည်း ပါဝင်သည်။

လုပ်ငန်းခွင်အချို့သည် တစ်စိတ်တစ်ပိုင်းပုံစံဖြင့် အလုပ်လုပ်သွားကြမည်ဖြစ်ပြီး ဝန်ထမ်းများစွာကို နေအိမ်မှအလုပ်လုပ်စေခြင်းဖြင့် လုပ်ကိုင်မှုပုံစံ ပြောင်းလဲဆောင်ရွက်သွားမည် ဖြစ်သည်။

အစ္စရေးနိုင်ငံတွင် နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်မှု အပြည့်အဝလုပ်ဆောင်ပြီးနောက် အခြေအနေများကို မြင်တွေ့ရစဉ် (ဓာတ်ပုံ- Gil Cohen Magen/Xinhua)

အစ္စရေးနိုင်ငံတွင် နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်မှု အပြည့်အဝလုပ်ဆောင်ပြီးနောက် အခြေအနေများကို မြင်တွေ့ရစဉ် (ဓာတ်ပုံ- Gil Cohen Magen/Xinhua)

သို့သော် အစ္စရေးနိုင်ငံရှိ Ben Gurion နိုင်ငံတကာလေဆိပ်ကိုမူ ကန့်သတ်ချက်များဖြင့် ဖွင့်လှစ်ထားမည် ဖြစ်ပြီး ခွင့်ပြုချက်ရရှိထားပြီးသော လေကြောင်းခရီးစဉ်များ ပျံသန်းချိန်တွင်သာ လုပ်ငန်းလည်ပတ်မည်ဖြစ်သည်။

အစ္စရေးနိုင်ငံရှိ စာသင်ကျောင်းများနှင့် မူကြိုကျောင်းများကိုလည်း မကြာသေးမီရက်ပိုင်းအတွင်းက COVID-19 ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် စက်တင်ဘာ ၁၇ ရက်က ပိတ်ထားပြီးဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.