Connect with us

WORLD

ကိုဗစ် ဒုတိယလှိုင်းကို ရှောင်လွှဲ၍မရဟု ဗြိတိန်ဝန်ကြီးချုပ် ပြော ၊ ပြင်သစ်တွင် တစ်ရက်တည်း ထပ်တိုးလူနာ ၁၃,၀၀၀ ကျော်ဖြင့် စံချိန်တင်ခဲ့

ပြင်သစ်နိုင်ငံ ပါရီမြို့ မြင်ကွင်းအား စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ )

ပေကျင်း၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် ကိုဗစ် ဒုတိယလှိုင်းကို ရှောင်လွှဲ၍မရနိုင်ဟု ဗြိတိန် ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း နှင့် ပြင်သစ်နိုင်ငံတွင် တစ်ရက်တည်း ထပ်တိုးလူနာ ၁၃,၀၀၀ ကျော်ဖြင့် စံချိန်တင်ခဲ့ကြောင်း စက်တင်ဘာ ၁၉ ရက်တွင်ရရှိသည့် ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းအချက်အလက်များအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စက်တင်ဘာ ၁၉ ရက် ဗဟိုဥရောပစံတော်ချိန်(CET)  ၁၅ နာရီ ၂၈ မိနစ် အထိ ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်းCOVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၃၁၂,၀၄၃ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၅,၃၆၀ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၃၀,၃၆၉,၇၇၈ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၉၄၈,၇၉၅ ဦး ရှိကြောင်း သိရသည်။  

ပြင်သစ်နိုင်ငံ ပါရီမြို့ မြင်ကွင်းအား စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ )

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ပေကျင်း စံတော်ချိန် စက်တင်ဘာ ၂၀ ရက် ၇ နာရီ ၂၂ မိနစ်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၃၀,၆၆၅,၄၀၁ ဦး၊  စုစုပေါင်း သေဆုံးသူ ၉၅၄,၈၉၅ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကိုဗစ် အတည်ပြုလူနာနှင့် သေဆုံးသူ အရေအတွက် အများဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၆,၇၆၂,၃၆၁ ဦး နှင့် သေဆုံးသူ ၁၉၉,၂၀၇ ဦး ရှိကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့ မြင်ကွင်းအား စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ )

(၂)သတင်းအချက်အလက် စုစည်းချက်များ

ဗြိတိန်နိုင်ငံတွင် ကိုဗစ် ဒုတိယလှိုင်းကို ရှောင်လွှဲ၍မရကြောင်း၊ အစိုးရအနေဖြင့် တစ်နိုင်ငံလုံး ရောဂါကာကွယ်ထိန်းချုပ် ကန့်သတ်ချက်နည်းလမ်းများကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်ရန် စဉ်းစားနေကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ အစိုးရ ဝဘ်ဆိုက်၏ စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ပြင်သစ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင် အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာ အရေအတွက်သည် ၁၃,၂၁၅ ဦးရှိရာ ၎င်းမှာ ကပ်ရောဂါဖြစ်ပွားပြီးနောက် ထပ်တိုးလူနာအရေအတွက် အများဆုံး စံချိန်တင်ပမာဏ ဖြစ်ကြောင်း သိရသည်။
ပြင်သစ် စီးပွားရေးနှင့်ဘဏ္ဍရေးဝန်ကြီး Bruno Le Maire က ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွင် positiveဖြစ်နေကြောင်းနှင့် ပါရီမြို့ နိုင်ငံရေးကောလိပ်ရှိ ကျောင်းသားများတွင်လည်း ရောဂါကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့သဖြင့် ၎င်းကျောင်းဝန်းအား စက်တင်ဘာ ၂၁ ရက်မှစ၍ ၁၄ ရက်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း ပြင်သစ် သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

ဂျာမနီနိုင်ငံ RKI သုတေသနဌာန(Robert Koch Institute)၏ စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ယင်းနေ့တွင် ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာသည် ပြီးခဲ့သောရက်ကထက် ၂,၂၉၇ ဦး တိုးလာကြောင်း သိရသည်။ ပညာရှင်များက အခြားဥရောပနိုင်ငံများကဲ့သို့ ကပ်ရောဂါတစ်ကျော့ပြန် ဖြစ်ပွားလာမည်ကို သတိထားကြရန် ပြောကြားထားသည်။

ဗြိတိန်နိုင်ငံ Imperial College London၏ ပြီးခဲ့သောရက်များက ထုတ်ပြန်ချက်များအရ အဆိုပါကျောင်း၏ ရှေ့ပြေးသုတေသနအဖွဲ့သည် လက်ကိုင်ဖုန်းထက်သေးငယ်သေ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးစက်ပစ္စည်းတစ်ခု တီထွင်ထားရာ ဓါတ်ခွဲခန်းမရှိသည့် အခြေအနေမျိုးတွင် မိနစ် ၉၀ အတွင်း အပြီးဆေးစစ်ပေးနိုင်ကြောင်း၊ ယင်းဆေးစစ်ချက်သည်လည်း တိကျ မှန်ကန်မှု နှုန်းမြင့်မားကြောင်း သိရသည်။ ဗြိတိန်အစိုးရက ယခုကာလအတွင်း ယင်းစက်ပစ္စည်း ၅၈ သန်း မှာယူထားကြောင်း သိရသည်။
 
တောင်ကိုရီးယားနိုင်ငံ ဗဟို ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန၏ စက်တင်ဘာ ၁၉ ရက် သတင်းထုတ်ပြန်ချက် အရ စက်တင်ဘာ ၁၈ ရက် ဒေသစံတော်ချိန်  ၀၀:၀၀  နာရီမှ စက်တင်ဘာ ၁၉ ရက် ၀၀:၀၀ နာရီ အတွင်း ကိုဗစ် အသစ်ထပ်တိုးကူးစက်ခံရသူ ၁၁၀ ဦးရှိသည့်အနက် ၁၀၆ ဦးမှာ ပြည်တွင်း ကူးဆက်မှုများဖြစ်ကြကြောင်း၊ ယင်းသည် ၄ ရက်ဆက်တိုက် ကူးစက်လူနာ ၁၀၀ ကျော် ရှိခြင်း ဖြစ်ကြောင်း သိရသည်။
 
တရုတ်နိုင်ငံက ဂီနီနိုင်ငံသို့ စေလွှတ်သော ၂၈ သုတ်မြောက် ဆေးဘက်ဆိုင်ရာအဖွဲ့မှ ၂၇ သုတ်မြောက် ဆေးဘက်ဆိုင်ရာအဖွဲ့၏ တာဝန်လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို စက်တင်ဘာ ၁၈ ရက်တွင် ဂီနီနိုင်ငံ Conakry မြို့၌ ကျင်းပခဲ့ရာ ဂီနီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဟွမ်ဝေ့ တက်ရောက်ခဲ့သည်။ ယင်းအခမ်းအနားတွင် တရုတ်သံအမတ်ကြီးက ကိုဗစ် ကပ်ရောဂါ ပေါက်ကွဲဖြစ်ပွားနေသည့်အချိန်တွင် တရုတ်နိုင်ငံမှ စေလွှတ်သော ၂၇ သုတ်မြောက် ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်များသည် အခက်အခဲများကို ကျော်ဖြတ်ပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြောင်း ၊ ယခုလာရောက်သည့် ၂၈ သုတ်မြောက် အဖွဲ့ဝင်များသည့် အခက်အခဲရေဆန်ကို ကျော်ဖြတ်ကာ ရဲဝံ့စွာ တာဝန်ယူဆောင်ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)