Connect with us

Asia

COVID-19 တုံ့ပြန်ဆောင်ရွက်မှုများ အာဆီယံ လက်ခံအတည်ပြု

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသည့် ၃၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနား၌ ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များက ၃၇ ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်းအဝေး ပထမနေ့တွင် COVID-19 ကပ်ရောဂါ တုံ့ပြန်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စာချုပ်စာတမ်းများစွာကို လက်ခံအတည်ပြုခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

အထူးသဖြင့် အာဆီယံခေါင်းဆောင်များသည် COVID-19 ကပ်ရောဂါမှ ပြန်လည်နာလန်ထူလာစေရန် အရေးပေါ်မဟာဗျူဟာအဖြစ် ဆောင်ရွက်မည့် အာဆီယံဘက်စုံပြန်လည်ထူထောင်ရေးမူဘောင်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုအစီအစဉ်ကို လက်ခံအတည်ပြုခဲ့သည်။

ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်မှု၏ ပူးပေါင်းအားထုတ်မှုတစ်စိတ်တစ်ပိုင်းအဖြစ် ခေါင်းဆောင်များသည် အာဆီယံခရီးသွားစင်္ကြံ စီမံခန့်ခွဲရေး မူဘောင်နှင့် အရေးပေါ်ပြည်သူ့ကျန်းမာရေးဆိုင်ရာ အာဆီယံ မဟာဗျူဟာမူဘောင်တို့နှင့် ပတ်သက်သော အာဆီယံကြေညာစာတမ်းကိုလည်း လက်ခံအတည်ပြုခဲ့ကြောင်း၊ ဒေသတွင်း ကျန်းမာရေးအထောက်အကူပစ္စည်းများ အရန်ထားရှိရေးနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများနှင့် ဖြစ်ပေါ်လာသော ရောဂါများအတွက် ဒေသဆိုင်ရာစင်တာတစ်ခု ထူထောင်ရေး အစီအစဉ်ကိုလည်း သဘောတူခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ဆောင်ချက်များသည် အာဆီယံနိုင်ငံများ၏ ယှဉ်ပြိုင်မှုတိုးမြင့်စေရေး အထောက်အကူဖြစ်စေရန်၊ ကုန်ပစ္စည်း ထောက်ပံ့မှုနှင့် ဝန်ဆောင်မှုများ ပြန်လည်ထိန်းသိမ်းရန်နှင့် အလယ်အလတ်နှင့် ကာလရှည်နည်းလမ်းများတွင် ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ဖြည်းဖြည်းချင်း နာလန်ထူလာရန် မျှော်မှန်းထားကြောင်း သိရသည်။
၃၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဗီယက်နမ်နိုင်ငံက ဥက္ကဋ္ဌအဖြစ် နိုဝင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117