Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၇ ဦးအထိရှိလာ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ ရဲတပ်ဖွဲ့ (PNP) မှ ကယ်ဆယ်ရေးသမားများက ဒေသခံများကို ရွှေ့ပြောင်းပေးနေစဉ် (ဆင်ဟွာ)

မနီလာ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဖိလစ်ပိုင်နိုင်ငံရှိ အဓိကကျွန်းဖြစ်သော လူဇုံကျွန်းတစ်ခွင် နိုဝင်ဘာ ၁၁ ရက်မှစ၍ Vamco တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၇ ဦးအထိရှိလာပြီဖြစ်ကြောင်း အစိုးရ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီက နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

မြို့ပြကာကွယ်ရေးရုံး (OCD) ၏ ပြောကြားချက်အရ အဆိုပါ သေဆုံးသူများတွင် နေအိမ်ခေါင်မိုးပေါ်တွင် သေဆုံးလျက်တွေ့ရသော သက်ကြီးပိုင်း အမျိုးသားတစ်ဦး၊ ရေနစ်မြုပ်သွားသူ အမျိုးသားတစ်ဦး၊ ချော်လဲကျသူ သက်ကြီးပိုင်း အမျိုးသားတစ်ဦး၊ ဝါးရုံတောတွင် ထိခိုက်မိသူ သက်ကြီးပိုင်း အမျိုးသားတစ်ဦးနှင့် ဂိုဒေါင်ပြိုကျ၍ ပိမိခဲ့သူ သုံးဦးတို့ ပါဝင်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ ရဲတပ်ဖွဲ့ (PNP) မှ ကယ်ဆယ်ရေးသမားများက ဒေသခံများကို ရွှေ့ပြောင်းပေးနေစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ ရဲတပ်ဖွဲ့ (PNP) မှ ကယ်ဆယ်ရေးသမားများက ဒေသခံများကို ရွှေ့ပြောင်းပေးနေစဉ် (ဆင်ဟွာ)

 ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများအတွင်း သွားလာနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် လူ လေးဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီက ပြောခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်၏ ကမ္ဘာ့အားအပြင်းဆုံး ဂွန်နီတိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခံခဲ့ရပြီးနောက် နိုဝင်ဘာ ၁၁ ရက်မှ ၁၂ ရက်အတွင်း Vamco တိုင်ဖွန်းမုန်တိုင်းသည်လည်း လူဦးရေ သန်း ၁၁၀ ရှိသော လူဇုံကျွန်းရှိ နေရာအတော်များများ၌ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးသည် ရေဖုံးလွှမ်းမှုကြောင့် လူရာပေါင်းများစွာ ခိုကိုးရာမဲ့နေသော မာရီကီနာမြို့နှင့် ရီဇယ်ပြည်နယ် အပါအဝင် Vamco တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရသော ဒေသများသို့ ဝေဟင်မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မနီလာမြို့ရှိ သမ္မတ ဒူတာတေး၏ ရုံးပင်လျှင် Vamco တိုင်ဖွန်းမုန်တိုင်းဒဏ်ကို ခံစားခဲ့ရပြီး ဒူတာတေး၏ ရုံးမှထုတ်ပြန်သည့် ဓာတ်ပုံများအရ Pasig မြစ်မှ လျှံထွက်စီးဆင်းလာသော ညစ်ပတ်သောရေများက သမ္မတ၏ မနီလာအိမ်တော်နှင့် သမ္မတ၏ ဂေါက်ကလပ်ရှိ ဒူတာတေးရုံးအနီး မြစ်ကမ်းနံဘေး လျှောက်လမ်းအတွင်းသို့ စီးဝင်လာသည်ကို မြင်တွေ့ရသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ ရဲတပ်ဖွဲ့ (PNP) မှ ကယ်ဆယ်ရေးသမားများက ဒေသခံများကို ရွှေ့ပြောင်းပေးနေစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများအတွင်း သွားလာနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများအတွင်း ကလေးငယ်ကို ချီပိုးထားသည့် ဒေသခံတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ မြေပြင်အခြေအနေကို တုံ့ပြန်ဆောင်ရွက်ရန် အစိုးရအေဂျင်စီများကို သမ္မတ ဒူတာတေးက တိုက်တွန်းခဲ့သည်။
“ဒေသခံ အစိုးရအဖွဲ့တွေနဲ့ ဆက်စပ်တဲ့အေဂျင်စီတွေအားလုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ပြည်သူများ ဘေးကင်းစိတ်ချမှုကို ထိပ်တန်းဦးစားပေးထားဖို့ တိုက်တွန်းပါတယ်” ဟု ဒူတာတေးက ရုပ်မြင်သံကြားမိန့်ခွန်း၌ ပြောကြားခဲ့သည်။
“စိတ်မပူကြပါနဲ့။ အစိုးရက ဘယ်သူတစ်ဦးတစ်ယောက်စီကိုမှ နောက်ချန်ထားမှာမဟုတ်ပါဘူး။ ဒီအကျပ်အတည်းကို ကျွန်တော်တို့ အတူတကွ ကျော်ဖြတ်ကြမယ်” ဟု ဒူတာတေးက ဆိုသည်။

Vamco တိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံသို့ ရက်ပေါင်း ၁၁ ရက်အတွင်း ဝင်ရောက်ခဲ့သည့် တတိယမြောက် အားပြင်းသော တိုင်ဖွန်းမုန်တိုင်းဖြစ်ကာ နိုဝင်ဘာ ၁၁ ရက် ညပိုင်းတွင် ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ ယင်းမုန်တိုင်းကြောင့် လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုခြင်း၊ ကျောက်တုံးများပြိုကျခြင်းနှင့် ရေလွှမ်းမှုများ ဖြစ်ပွားခဲ့ပြီး ရပ်ကွက်များ ရေနစ်မြုပ်ခြင်းနှင့် ပြည်သူများအနေဖြင့် အကူအညီများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ တောင်းခံလျက်ရှိကြောင်း သိရသည်။

Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် မနီလာမြို့နှင့် ပြည်နယ်များစွာ၌ သစ်ပင်များ ပြိုလဲခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခြင်းများ ကြုံတွေ့ခဲ့သည်။

အဆိုပါ မုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီလျှင် ၁၃၀ ကီလိုမီတာရှိပြီး လေပြင်းတိုက်ခတ်မှုမှာ တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ အထိ တိုက်ခတ်ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်ငလျင်စက်ဝန်းပေါ်၌ တည်ရှိနေခြင်းကြောင့် မီးတောင်များ လှုပ်ရှားခြင်း၊ ငလျင်များ မကြာခဏလှုပ်ခြင်းနှင့် တစ်နှစ်လျှင် တိုင်ဖွန်းမုန်တိုင်း ပျမ်းမျှ ၂၀ လုံးခန့်ဝင်ရောက်ပြီး ရေကြီးရေလျှံမှုများနှင့် မြေပြိုခြင်းများ အပါအဝင် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် အများဆုံးခံစားရသည့်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ (Xinhua)