Connect with us

Asia

အိန္ဒိယနှင့် ပါကစ္စတန် တို့ ကက်ရှမီးယားဒေသတွင် တိုက်ပွဲဖြစ်ပွား ခဲ့ပြီး နှစ်နိုင်ငံလုံးသေဆုံး ဒဏ်ရာရရှိမှုရှိ

ကက်ရှမီးယားဒေသ အိန္ဒိယနိုင်ငံ ထိန်းချုပ်ထားသည့်နယ်မြေတွင် တပ်ဖွဲ့ဝင်များ လုံခြုံရေးတင်းကျပ်စွာဆောင်ရွက်နေသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

အိန္ဒိယနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ နှစ်နိုင်ငံလုံးက ကက်ရှမီးယားဒေသရှိ နှစ်နိုင်ငံလက်တွေ့ထိန်းချုပ်ထားသည့် နယ်နိမိတ်မျဉ်း အနီးတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အိန္ဒိယနိုင်ငံ ကြည်းတပ်ပြောရေးဆိုခွင့်ရှိသူ က နှစ်နိုင်ငံအနေဖြင့် နိုဝင်ဘာ ၁၃ ရက်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ပြီး အိန္ဒိယနိုင်ငံအနေဖြင့် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး အရပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ၊ ထို့ပြင်စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ပါကစ္စတန်နိုင်ငံ ကြည်း ၊ ရေ ၊ လေ ဆက်ဆံရေးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ အိန္ဒိယ နိုင်ငံ နှင့် နိုဝင်ဘာ ၁၃ ရက်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ပါကစ္စတန်နိုင်ငံ အရပ်သားတစ်ဦးသေဆုံး ခဲ့ပြီး အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ စစ်တပ်တို့က လတ်တလောရက်ပိုင်းအတွင်း ကက်ရှမီးယား လက်တွေ့ထိန်းချုပ်ထားသည့် နယ်နိမိတ်မျဉ်းအနီးတွင် တိုက်ပွဲများမကြာခဏဖြစ်ပွား ခဲ့ကြပြီး တစ်ဖက်မှ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုချိုးဖောက်သည်ဟု အပြန်အလှန် ပြစ်တင်ဝေဖန်ခဲ့ကြောင်း ၊ အိန္ဒိယ နှင့် ပါကစ္စတန်နိုင်ငံ တို့က မိမိတို့နိုင်ငံအနေဖြင့် ကက်ရှမီးယား ဒေသကို ပိုင်ဆိုင်သည်ဟုကြေညာခဲ့ကြကြောင်း ၊ ၁၉၄၇ ခုနှစ်မှ စတင်၍ နှစ်နိုင်ငံအနေဖြင့် ကက်ရှမီးယားဒေသ အား ပိုင်ဆိုင်နိုင်ရန်အတွက် တိုက်ပွဲကြီးနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ၊ ၂၀၀၃ ခုနှစ်တွင် နှစ်နိုင်ငံအနေဖြင့် ကက်ရှမီးယားဒေသ လက်တွေ့ထိန်းချုပ်ထားသည့်နယ်နိမိတ်မျဉ်းတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.