Connect with us

Local

နှစ်ရက်အတွင်း ကမ္ဘာ့ရွှေဈေး ၆၅ ဒေါ်လာ နှင့် မြန်မာ့ရွှေဈေး ၁၃,၀၀၀ ကျပ် အသီးသီးဈေးကျ

ရွှေဆိုင်တစ်ဆိုင်တွင် ခင်းကျင်းပြသထားသည့် ရွှေထည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁,၈၇၄ ဒေါ်လာမှ ၁,၈၀၉ ဒေါ်လာအထိ ၂ ရက်အတွင်း ၆၅ ဒေါ်လာအထိဈေးနှုန်းကျဆင်းခဲ့သလို မြန်မာ့ရွှေဈေးသည်လည်း တစ်ကျပ်သားပေါက်ဈေး ကျပ် ၁,၃၁၀,၀၀၀ မှ ကျပ် ၁,၂၉၇,၀၀၀ အထိ ကျပ် ၁၃,၀၀၀ ထိ ဈေးနှုန်းကျခဲ့ဆင်းခဲ့ရာ ရွှေဈေးဆက်လက်အေးနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ နိုဝင်ဘာ ၂၆ ရက်တွင်ပြောကြားသည်။

“အဓိကက ကမ္ဘာ့ရွှေဈေးကျလို့ ပြည်တွင်းရွှေဈေးလည်း လိုက်ပြီးကျနေတဲ့သဘောပါပဲ။ ကမ္ဘာမှာ ရွှေဘက်ကနေပြီး မူလလုပ်ငန်းတွေကိုပြန်ပြီးတော့ အရင်းအနှီးပြန်လုပ်တော့ ရွှေဘက်မှာ ဝယ်လိုအားကျပြီး ဈေးလည်း ပြုတ်ကျခဲ့တယ်။ မြန်မာ့ရွှေဈေးလည်း ဆက်အေးဦးမယ်’’ ဟု ၎င်းက ဆိုသည်။

လက်ရှိဈေးကွက်ထဲတွင် ရွှေဝယ်လိုအားထက် ရောင်းလိုအားများလျက်ရှိနေကြောင်း၊ နေ့စဉ်ရွှေပြန်လည် ရောင်းချမှု ၁၀ ပိဿာနှင့် ၅ပိဿာအကြားတွင် ရှိနေကြောင်း သိရသည်။ ရွှေဝယ်ယူသူအချို့သည် ဈေးနှုန်း ဆက်ကျနိုင်သည်ကို စောင့်လက် စောင့်ကြည့်နေသဖြင့် ယခုကဲ့သို့ ရွှေအဝယ်အေးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ရွှေဈေးက အတက်ထက် အကျဘက်ကိုပိုများတယ်လို့ထင်ပါတယ်။ ရွှေဈေးဆက်ကျမယ်ဆိုရင် ၁,၂၅၀,၀၀၀ လောက်အထိ အနိုမ့်ဆုံးကျနိုင်မယ်ထင်တယ်။ အတိအကျတော့ပြောလို့မရဘူးပေါ့။ အဓိက ကမ္ဘာ့ရွှေဈေးပေါ်မှာပဲ မူတည်တာပါ’’ ဟု ဦးမျိုးမြင့်ကဆက်ပြောသည်။

နိုဝင်ဘာ ၂၆ ရက် ၁၃ : ၂၂ နာရီတွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ ၁,၈၀၉ ဒေါ်လာနှင့် မြန်မာ့ရွှေဈေးသည် တစ်ကျပ်သား ၁,၂၉၇,၀၀၀ ကျပ် အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117