CHINA
တရုတ်နိုင်ငံက COVAX ထံ COVID-19 ကာကွယ်ဆေး ၁၀ သန်းပံ့ပိုးမည်
ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တောင်းဆိုချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အရေးပေါ်လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် COVAX ထံသို့ COVID-19 ကာကွယ်ဆေး အလုံးရေ ၁၀ သန်း ပံ့ပိုးရန် ဆုံးဖြတ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖော်ဝါရီ ၃ ရက်၌ ပြောကြားခဲ့သည်။
“ဒါဟာ တရုတ်နိုင်ငံက ကာကွယ်ဆေးတွေ သာတူညီမျှ ဖြန့်ဖြူးမှု မြှင့်တင်ဖို့နဲ့ ကပ်ရောဂါတိုက်ဖျက်ရေးမှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ဖို့ အားလုံးအတွက် ကျန်းမာသော ကမ္ဘာ့အသိုက်အဝန်းတစ်ခု အယူအဆကို ထိန်းသိမ်းဖို့အတွက် အရေးပါတဲ့ နောက်ထပ်ဆောင်ရွက်ချက်ဖြစ်ပါတယ်” ဟု နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ပြောခဲ့သည်။
တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ရှိ Noor Khan လေတပ်အခြေစိုက်စခန်း၌ ကျင်းပနေစဉ် (ဆင်ဟွာ)
WHO အနေဖြင့် တရုတ်နိုင်ငံ၏ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်ကို သုံးသပ်ရန် စတင်လျက်ရှိကြောင်း၊ တရုတ် စီးပွားရေးလုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုထားပြီး ယင်းလုပ်ငန်းအား ဆောလျင်စွာ ပြီးစီးရန် မျှော်လင့်ကြောင်း ဝမ်းက မှတ်ချက်ပြုခဲ့သည်။
“နိုင်ငံတကာအသိုင်းအဝိုင်းမှာရှိတဲ့ တတ်စွမ်းတဲ့နိုင်ငံတွေအနေနဲ့လည်း COVAX နဲ့ WHO ရဲ့ လုပ်ငန်းကို ပံ့ပိုးဖို့ တက်ကြွတဲ့အခန်းကဏ္ဍကနေ ပါဝင်ဖို့နဲ့ အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်။ ဒါမှသာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကာကွယ်ဆေးတွေ အချိန်မီ ရရှိဖို့နဲ့ ကမ္ဘာ့ကပ်ရောဂါကို ဆောလျင်စွာနဲ့ အနိုင်ယူရေးမှာ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံသည် COVAX နှင့် တရားဝင်ချိတ်ဆက်ထားပြီး WHO နှင့် နီးကပ်စွာ ဆက်သွယ်မှု ထိန်းထားလျက်ရှိကြောင်း၊ COVID-19 ကာကွယ်ဆေးများကိုလည်း ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် အသုံးပြုရေး ပူးတွဲကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကာကွယ်ဆေးများ သင့်တင့်လျောက်ပတ်စွာ ရရှိနိုင်ရေးအတွက် ဝမ်းက ကတိပြုခဲ့သည်။
တရုတ်နိုင်ငံသည် ကာကွယ်ဆေးမိတ်ဖက်ဖြစ်သော Gavi နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၈ ရက်တွင် COVAX နှင့် တရားဝင်ချိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)
…………………………………………
(English Version)
China Focus: China to provide 10 million COVID-19 vaccine doses to COVAX
Source: Xinhua| 2021-02-03 20:55:48|Editor: huaxia
BEIJING, Feb. 3 (Xinhua) — China has decided to provide 10 million COVID-19 vaccine doses to COVAX to meet the urgent needs of developing countries, at the request of the World Health Organization (WHO), a Foreign Ministry spokesperson said on Wednesday.
“This is another important measure taken by China to promote the equitable distribution of vaccines, advance international cooperation in fighting the pandemic, and uphold the concept of a global community of health for all,” spokesperson Wang Wenbin said at a daily press briefing.
Noting that the WHO has begun to review the emergency use authorization of China’s vaccine, Wang pledged the continued cooperation of Chinese enterprises and expressed hope that the WHO would complete this work as soon as possible.
“We hope that capable countries in the international community can play an active role and take concrete actions to support COVAX as well as the WHO’s work, so as to help developing countries receive vaccines in time and contribute to the global defeat of the pandemic at an early date,” he said.
China has officially joined COVAX and maintained close communication with the WHO, Wang said, vowing to make joint efforts to turn COVID-19 vaccines into global public goods and promote the accessibility and affordability of vaccines in developing countries.
China signed an agreement with Gavi, the Vaccine Alliance, officially joining COVAX on Oct. 8, 2020. ■
1-A medical worker shows a dose of China’s COVID-19 vaccine in Hyderabad, Pakistan, Feb. 3, 2021. (Str/Xinhua)
2-A handover ceremony of a batch of China-donated COVID-19 vaccine is held at Noor Khan Air Base near Islamabad, Pakistan, Feb. 1, 2021. (Xinhua/Liu Tian)