ASEAN
လာအိုနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများကို တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးမည်
ဗီယင်ကျန်း၊ မတ် ၃ ရက် (ဆင်ဟွာ)
လာအိုနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်း ၁၅၀,၀၀၀ ခန့်အား တရုတ်နိုင်ငံမှ လှူဒါန်းထားသော Sinopharm ကာကွယ်ဆေး အသုံးပြုလျက် မတ်လနှင့် ဧပြီလအတွက် COVID-19 တိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာက မတ် ၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။
Vientiane Times လာအိုနေ့စဉ်သတင်းစာဖော်ပြချက်အရ အသက် ၁၈ နှစ်နှင့် ၆၀ နှစ်ကြား ရောဂါကူးစက်နိုင်ခြေမြင့်မားသောအုပ်စုများရှိ ပြည်သူများ၊ နာတာရှည်ရောဂါသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများအား ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် ဦးစားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုဆောင်ရွက်ချက်သည် ကာကွယ်ဆေးထိုးနှံခြင်း ဒုတိယအကျော့ဖြစ်ပြီး မတ်လလယ်ပိုင်းမှ ဧပြီလအစောပိုင်းအထိ ရည်မှန်းထားကြောင်း၊ ပထမအကျော့မှာ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ပြီးဆုံးခဲ့ပြီး စေတနာ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်းများ ကို COVID-19 ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။
လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တစ်ကိုယ်ရေကျန်းမာရေးနှင့် ကျန်းမာရေးမြှင့်တင်ခြင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Phonepaseuth Ounaphom က နိုင်ငံအတွင်းရှိ COVID-19 ကပ်ရောဂါအခြေအနေဆိုင်ရာ ကို သတင်းထောက်များအား မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။
ကျန်းမာရေးအာဏာပိုင်များ၏ COVID-19 ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအစီအစဉ်များဖြင့် ဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်သည် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများသည် ယုံကြည်စိတ်ချရပြီး လာအိုပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံရန် စိတ်အားထက်သန်လျက်ရှိကြောင်း Phonepaseuth က ပြောခဲ့သည်။
၂၀၂၁ ခုနှစ်တွင် လာအိုပြည်သူ ၂၀ ရာခိုင်နှုန်းခန့် ကာကွယ်ဆေးထိုးနှံနိုင်မည်ဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ်တွင် ၇၀ ရာခိုင်နှုန်းဖြင့် တိုးမြှင့်သွားနိုင်ရန် စီစဉ်ထားကြောင်း COVID-19 ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားလုပ်ငန်းစုကော်မတီအရ သိရသည်။
လာအိုနိုင်ငံတွင် မတ် ၂ ရက်အထိ နမူနာပေါင်း ၁၁၄,၃၃၉ ခုကို စစ်ဆေးခဲ့ပြီး COVID-19 အတည်ပြုလူနာ ၄၅ ဦးရှိပြီး ပြန်လည်ကျန်းမာလာသူ ၄၂ ဦးရှိကြောင်း သိရသည်။
လာအိုနိုင်ငံတွင် ပထမဆုံး COVID-19 အတည်ပြုလူနာနှစ်ဦးကို ပြီးခဲ့သည့်နှစ် မတ် ၂၄ ရက်က တွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)
Lao medical workers to be inoculated against COVID-19 with Chinese vaccines: media report
VIENTIANE, March 3 (Xinhua) — Some 150,000 medical workers in Laos will get vaccinated against COVID-19 in March and April using the China-donated Sinopharm vaccines, local media reported on Wednesday.
According to a report by the Lao daily Vientiane Times, Lao people in at-risk groups between the ages of 18 and 60 will also be given priority in the vaccination drive, including those with a chronic illness and migrant workers.
This represents a second round of vaccination, scheduled for mid-March to early April. In the first round, volunteer medical workers received the COVID-19 vaccine at the end of 2020, said the report.
Director General of the Department of Hygiene and Health Promotion under the Lao Ministry of Health, Phonepaseuth Ounaphom, on Tuesday updated reporters on the COVID-19 pandemic situation in Laos.
He said the vaccination drive has been conducted in line with the country’s COVID-19 prevention and control plans which health authorities are now going all out to implement in a bid to keep the coronavirus in check.
Chinese vaccines are considered to be safe and reliable and the Lao people are eagerly looking forward to taking shots, Phonepaseuth said.
It is expected that about 20 percent of the Lao population will be vaccinated in 2021, and the coverage is planned to rise to 50 percent in 2022 and 70 percent in 2023, according to the National Taskforce Committee for COVID-19 Prevention and Control.
As of Tuesday, Laos has tested 114,339 samples and reported 45 confirmed cases of COVID-19 with 42 recoveries.
Laos recorded its first two confirmed cases of COVID-19 on March 24 last year. Enditem
Chinese Ambassador to Laos Jiang Zaidong (R) hands over a box of China-donated Sinopharm COVID-19 vaccines to Lao Vice President Phankham Viphavanh during a hand-over ceremony held in Vientiane, Laos, Feb. 8, 2021. A batch of China-donated Sinopharm COVID-19 vaccines arrived in the Lao capital Vientiane early on Monday. (Photo by Kaikeo Saiyasane/Xinhua)