Videos
မွန်ဂိုလီးယားနိုင်ငံတွင် ပြင်းထန်သည့် သဲမုန်တိုင်းနှင့် နှင်းမုန်တိုင်း တိုက်ခတ်မှု ဖြစ်ပွား
ဦလန်ဘာတာ၊ မတ် ၁၆ ရက်(ဆင်ဟွာ)
မွန်ဂိုလီးယားနိုင်ငံ ဒေသအများအပြားတွင် မတ် ၁၃ ရက်ကစ၍ ပြင်းထန်သည့် သဲမုန်တိုင်းနှင့် နှင်းမုန်တိုင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လက်ရှိ အချိန်အထိ ရရှိထားသည့်စာရင်းများအရ လူ(၉)ဦး သေဆုံး ခဲ့ကြောင်း သိရသည်။မွန်ဂိုလီးယားနိုင်ငံ ဒေသအများအပြားတွင် လေတိုက်နှုန်း တစ်စက္ကန့်လျှင် (၂၀)မီတာမှ (၂၄)မီတာအထိ တိုက်ခတ်လျက်ရှိရာ အချို့အချိန်များတွင် (၃၀)မီတာမှ (၃၄)မီတာအထိ ရောက်ရှိကြောင်း၊ မြောက်ပိုင်းဒေသများတွင် နှင်းမိုးမုန်တိုင်းများဖြစ်ပွားလျက်ရှိပြီး ဂိုဘီဒေသတစ်လျှောက်တွင် ပြင်းထန်သည် သဲမုန်တိုင်း ဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြို့တော် အူလန်ဘာတာတွင် မတ် ၁၄ ရက်က သဲမုန်တိုင်းတိုက်ခတ်ခဲ့သည်။
ပြင်းထန်သည့် သဲမုန်တိုင်းကြောင့် မွန်ဂိုလီးယားရွက်ဖျင်အိမ် (၅၈)လုံးနှင့် နေအိမ် (၁၂၁)လုံး ၊ခြံစည်းရိုးများ ပျက်စီးခဲ့သလို မွေးမြူထားသည့်တိရစ္ဆာန်ထောင်နှင့်ချီပျောက်ဆုံးလျက်ရှိသည်။ အရှေ့ပိုင်းဒေသတွင် အချို့ဓါတ်တိုင်များပျက်စီးခဲ့ခြင်းကြောင်း လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ဖြစ်ပွားခဲ့သည်။
မွန်ဂိုလီးယားနိုင်ငံ၏ ယခုအကြိမ်ကြုံတွေ့ရသည် သဲမုန်တိုင်း၏ပြင်းထန်မှုနှင့်တိုက်ခတ်မှုကြာချိန်သည် ပြီးခဲ့သည့်နှစ်များထက် ပိုမိုကြာမြင့်ခဲ့ကြောင်း ၊မွေးမြူရေးလုပ်သားများအနေဖြင့် တတ်နိုင်သမျှ အပြင်သို့မထွက်ရန်၊ အဝေးသို့ မသွားရန်နှင့် ကလေးငယ်များကို စောင့်ရှောက်သင့်ကြောင်း မိုးဇလပညာရှင်များ ပြောကြားထားသည်။ (Xinhua)