Connect with us

Videos

ဆီယာရာလီယွန်နိုင်ငံ သမ္မတနှင့် အစိုးရခေါင်း‌ဆောင်များ COVID-19 ကာကွယ်ဆေးထိုးနှံ

ဖရီးတောင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ဆီယာရာလီယွန်နိုင်ငံ သမ္မတ Julius Maada Bio သည် နိုင်ငံအတွင်း ပထမဆုံး COVID-19 ကာကွယ်ဆေးထိုးနှံခဲ့သူဖြစ်သည်။ ဆီယာရာလီယွန် တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို တနင်္လာနေ့က စတင်ခဲ့သည်။

COVID-19 ကာကွယ်ဆေးထိုးနှံရာတွင် ဒုတိယသမ္မတ Juldeh Jalloh နှင့် အစိုးရဌာနအကြီးအကဲများလည်း ‌ရှေ့တန်းတွင် COVID-19 တိုက်ဖျက်ကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ထိုးနှံမှုခံယူခဲ့သည်။
ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကာကွယ်ဆေးကို အရင်ဆုံးမထိုးနှံရသေးဘဲ ပြည်သူတွေကို ထိုးကြပါလို့ ကျွန်တော်ပြောမှာမဟုတ်ပါဘူး ပြည်သူတွေထက်အရင် ကျွန်တော်က ဦးဆောင်ပြီးတော့ ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့တာဖြစ်ပါတယ် ဟု သမ္မတက ဆိုသည်။ ထို့အပြင် တရုတ်နိုင်ငံအပါအဝင် ဆီယာရာလီယွန်နိုင်ငံ၌ ကာကွယ်ဆေးထိုးနှံနိုင်ရန် လှူဒါန်းပေးကြသည့် အလှူရှင်နိုင်ငံများအားလည်း ကျေးဇူးတင်ရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားသည်။

ဆီယာရာလီယွန်နိုင်ငံ ကျန်းမာရေးဝန်ကြီး Austin Demby က တရုတ်နိုင်ငံနှင့် COVAX မှ ရရှိသည့် ကာကွယ်ဆေးနှစ်မျိုးစလုံးသည် ဆီယာရာလီယွန်နိုင်ငံဆေးဝါးဘုတ်အဖွဲ့ထံမှ အရေးပေါ် အသုံးပြုခွင့်ရရှိထားပြီးဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
ကာကွယ်ဆေး နှစ်မျိုးစလုံးအပေါ် မိမိတို့ ယုံကြည်မှု အပြည့်အဝ ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပြီး ပြည်သူများအားလုံး ဘေးကင်းလုံခြုံမှုရှိစေရန်ကာကွယ်ဆေးများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.