Connect with us

Science & Technology

အမြင့်ဆုံး သဘာဝဓာတ်ငွေ့ သိုလှောင်မှု ပမာဏကို ၂၀၂၀ ခုနှစ်အထိ ထုတ်လုပ်နိုင်ရန် M-5 နှင့် M-6 လုပ်ကွက်များ အတွင်းရှိ တွင်းသစ် စီမံကိန်းများအား စတင်ဆောင်ရွက်လျက်ရှိ

ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းအား တွေ့ရစဉ် (ဓာတ်ပုံ- စွမ်းအင်ဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းဖြစ်သည့် ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ကုဗပေသန်း ၅၀၀ ကျော်ခန့် ကို ပြည်ပသို့လည်းကောင်း၊ ကုဗပေသန်း ၂၀၀ ခန့်ကို ပြည်တွင်း သုံးစွဲရန်အတွက် လည်းကောင်း ၊ အမြင့်ဆုံး သဘာဝဓာတ်ငွေ့ သိုလှောင်မှုပမာဏကို ၂၀၂၀ ခုနှစ်အထိ ထုတ်လုပ်နိုင်ရန် M-5 နှင့် M-6 လုပ်ကွက်များ အတွင်းရှိ ပတ္တမြားဘူမိ အနေအထား၌ တွင်းသစ် စီမံကိန်းများအား စတင်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ရတနာသဘာဝ ဓာတ်ငွေ့စီမံကိန်းသည် နိုင်ငံခြားဝင်ငွေ အဓိကရှာပေးနေသည့် စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်း လုပ်ငန်းများ လုပ်ဆောင်မှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းအောင် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ နှင့် အညီ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၎င်းစီမံကိန်းစတင်သည့် ၁၉၉၅ ခုနှစ်မှ ယနေ့အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈ သန်းခန့်အား ပညာရေး၊ ကျန်းမာရေး၊ လမ်း၊တံတား တည်ဆောက်ပြုပြင်ခြင်းများတွင် သုံးစွဲလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117