Connect with us

Africa & Middle East

ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် ပေါက်ကွဲမှု နှစ်ခုကြောင့် ရဲ ၁ ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

ပါကစ္စတန် နိုင်ငံ၌ ၂၀၁၃ ခုနှစ်က ပေါက်ကွဲမှု တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Peshawar မြို့တွင် မေလ ၁၈ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ အနည်း ရဲ တစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ Urdu မီဒီယာက ဖော်ပြထား သည်။

ဒဏ်ရာ ရသူများထဲ၌ ရဲများ၊ သတင်းထောက်များ၊ ကယ်ဆယ်ရေး သမားများနှင့် ဗုံးရှင်း တပ်သားများ ပါဝင်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အား ကိုးကားလျက် Samaa သတင်းက ဖော်ပြထားသည်။
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်၏ မြို့တော် Peshawar ရှိ Mathra ဧရိယာအတွင်းရှိ ရဲကား တစ်စီးအား ပစ်မှတ်ထား တိုက်ခိုက်သည့် ပထမအကြိမ် ပေါက်ကွဲမှုတွင် ရဲ နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ရဲကားသည် ကင်းလှည့်နေစဉ် ဒေသ စံတော်ချိန် နံနက် ၉း၅၀ နာရီ အချိန်၌ လမ်းဘေး တစ်နေရာသို့ အရောက် ပေါက်ကွဲစေသော ပစ္စည်းကြောင့် ပေါက်ကွဲခဲ့သည်။
ဗုံးရှင်းလင်းရေး၊ မီဒီယာအဖွဲ့များနှင့် ကယ်ဆယ်ရေး လုပ်သားများသည် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရာသို့ အလျင်အမြန် ရောက်လာခဲ့ပြီး ခဏအတွင်းမှာပင် ထိုနေရာ၌ ဒုတိယ အကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်း ပေါက်ကွဲမှုမှာ အဝေးထိန်း ကိရိယာဖြင့် ဖောက်ခွဲခြင်း ဖြစ်ပြီး လူ ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲက ပြောသည်။
ဒဏ်ရာ ရရှိသူများ အားလုံးကို Lady Reading ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ရဲ တစ်ဦးမှာ ရရှိသည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့သည်။
အဆိုပါ တိုက်ခိုက်မှု အတွက် မည်သည့် အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း မသိရသေးပေ။ ပေါက်ကွဲမှု ဖြစ်ပွား သည့် နေရာအား စုံစမ်း စစ်ဆေးရန် အတွက် ရဲတပ်ဖွဲ့က ပိတ်ဆို့ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.