Connect with us

Asia

သီရိလင်္ကာတွင် ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၃၇ ဦးထိ မြင့်တက်လာကာ ရာကျော်ပျောက်ဆုံးနေ

ရကြီးမြေပြိုမှုကြောင့် ကယ်ဆယ်ရေးလုပ်နေသော သီရိလင်္ကာတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ မေ ၁၉ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတွင် ရေကြီး၊မြေပြိုမှုကြောင့် သေဆုံးသူ ဦးရေသည် မေလ ၁၈ ရက်တွင် ၃၇ဦးအထိ မြင့်တက် လာပြီး ယင်း သဘာဝဘေးအန္တရာယ်ကို လူပေါင်း ၃၅၀,၀၀၀ ကျော် ခံစားခဲ့ရကြောင်း သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးစင်တာ ကပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ Kegalle ပြည်နယ် ၌ မေ ၁၇ ရက်တွင် မြေပြိုမှုကြီး နှစ်ခု ဖြစ်ပွားခဲ့ပြီး မေ ၁၈ ရက် က မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ လေပြင်းများ တိုက်ခတ်ခဲ့မှုကြောင့် အနည်းဆုံး ၁၆ဦးသေဆုံးပြီး လူရာကျော် ပျောက်ဆုံးနေကြောင်း သိရသည်။

သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးစင်တာ က နိုင်ငံ၏ အခြား ဒေသများတွင် ရေကြီးမှု နှင့် ဓါတ်လိုက်ခံရမှု များကြောင့် လူ ၁၈ဦးသေဆုံးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားသည်။ သီရိလင်္ကာနိုင်ငံ ၏ အချို့ ဒေသအစိတ်အပိုင်းများတွင် မေ ၁၄ ရက်ကတည်းက မိုး စတင်ရွာသွန်းမှုသည် မေ ၁၈ ရက်အထိ ရွာသွန်းဆဲ ဖြစ်ပြီး ဧရိယာများစွာ ရေလွှမ်းမိုးမည့် အန္တရာယ်ရှိနေကြောင်း သိရသည်။ ရေကြီးမှုများကြောင့် အချို့ဒေသများတွင် လူများ ပိတ်မိနေပြီး စစ်တပ် က ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ နိုင်ငံတစ်ဝန်း ရှိ အနည်းဆုံး ဒေသ ၉ခု တွင် မြေပြိုမှုသတိပေးချက်များ ထုတ်ပြန်ထားပြီး ပြည်သူများအား သတိရှိစွာ နေထိုင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.