Connect with us

Asia

တောင်ကိုရီးယား ရှိ အမေရိကန် စစ်အခြေစိုက်စခန်း တွင် ပေါက်ကွဲမှု ဖြစ်ပွား

တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်း Camp Carroll အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ မေ ၁၉ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ရှိ အမေရိကန် စစ် အခြေစိုက်စခန်း တွင် ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး သေဆုံးသူ မရှိကြောင်း ပြည်တွင်း ရုပ်သံထုတ်လွှင့်ရေး YTN က မီးသတ်အာဏာပိုင်များ၏ ပြောကြားချက် ကို ကိုးကား၍ မေလ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ မြောက်ပိုင်း Gyeonsang ပြည်နယ်၊ Chilgok စီရင်စု ရှိ အမေရိကန် စစ်အခြေစိုက်စခန်း Camp Carroll တွင် ဒေသစံတော်ချိန် ၂း၂၈ နာရီ တွင် ဓာတ်ငွေ့ပေါက်ကွဲမှု ၁၀ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးသတ်ယာဉ် ၁၅ စီးသည် ပေါက်ကွဲမှု ဖြစ်ပွားရာသို့ မီးငြိမ်းပြီး မိနစ်၃၀ ခန့်တွင် ရောက်ရှိလာခဲ့ပြီး သေဆုံးသူ မရှိကြောင်း သိရသည်။ နိုက်ထရိုဂျင် နှင့် အောက်ဆီဂျင်ဓါတ်ငွေ့ ပေါက်ကွဲမှု များက မီးလောင်မှု အား ဖြစ်ပွားစေခဲ့ပြီး အကြောင်းအရင်း အတိအကျကို သိရှိခြင်းမရှိကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် စစ်အခြေစိုက်စခန်း အနီးရှိ လယ်စောင့်တဲ နှစ်လုံး လည်း မီးကူးစက်လောင်ကျွမ်းခဲ့ သော်လည်း ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.