Connect with us

Videos

နန်ကျင်းတက္ကသိုလ်တည်ထောင်ခြင်း ၁၁၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မင်္ဂလာ မောင်နံှ စုံတွဲ ၁၁၄ တွဲက မင်္ဂလာပွဲဆင်နွှဲ

နန်ကျင်း၊ မေ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း နန်ကျင်းတွင် မေလ ၂ဝ ရက်နေ့ က နန်ကျင်းတက္ကသိုလ် တည်ထောင်ခြင်းနှစ်ပေါင်း ၁၁၄ နှစ်မြောက်အခမ်းအနားအဖြစ် မင်္ဂလာစုံတွဲ ၁၁၄ တွဲ က တက္ကသိုလ် ပရဝဏ် အတွင်း၌ ပင် မင်္ဂလာပွဲ ဆင်နွှဲကာနှစ်ပတ်လည်အခမ်းအနားကို ထူးခြားစွာကျင်းပခဲ့ကြသည်။

တရုတ်နိုင်ငံတွင် ထိုသို့ အုပ်စုလိုက်ကျင်းပသည့် မင်္ဂလာပွဲ များသည် ယခင်ကလည်း ကျင်းပခဲ့ဖူးသော်လည်း နန်ကျင်းတက္ကသိုလ်တွင်တော့ ယခုအကြိမ်မှာ ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်သည်။

ယခု ကျင်းပသည့် မင်္ဂလာ စုံတွဲ ၅၂ စုံတွဲမှာ တက္ကသိုလ်ကျောင်းသူကျောင်းသားများ၏ မင်္ဂလာပွဲများ ဖြစ်ပြီး တက္ကသိုလ်ဆရာများ နှင့် နန်ကျင်းတက္ကသိုလ် ဘွဲ့ရကျောင်းသားများနှင့် နောက်ဆုံးနှစ်ကျောင်းသား စုံတွဲများ လည်းပါဝင်သည်။
“ ဒီလိုမင်္ဂလာဆောင် ကျင်းပရတဲ့အတွက် အလွန်ပဲ ဝမ်းမြောက်ရပါတယ်။ ကျောင်း စတက်တက်ခြင်း မိတ်ဆက်ပွဲ ကိုလည်း ဒီ ခန်းမမှာပဲ ကျင်းပတာပါ။ အခု ကျွန်မရဲ့ မင်္ဂလာဆောင်ကိုလည်း ဒီမှာပဲကျင်းပရပါတယ်။ ဒီတော့ ကျွန်မ ဟာ တကယ်ပဲ ပြီးပြည့်စုံတဲ့ တက္ကသိုလ်ကျောင်းသူဘဝ ကို ရရှိတယ်လို့ပဲ ခံစားရပါတယ်။” (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.