Videos
ခွေးတစ်ကောင်ဟုထင်၍ မွေးစားရာ တဖြေးဖြေးကြီးလာမှ ရှားပါးဝက်ဝံမှန်းသိ
ယူနန်၊ မေ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ်တွင် မစ္စတာဝမ် ဆိုသူသည် လွန်ခဲ့သည့် ၃ လ ခန့်က တိရစ္ဆာန်အကောင်သေးလေးကို ခွေးအမှတ်ဟု ထင်ကာ မွေးစားခဲ့သည်။ အဆိုပါ သတ္တဝါလေးသည် တဖြေးဖြေး ကြီးထွားလာပြီး ဝက်ဝံနှင့် ပိုတူလာသောကြောင့် ဒေသတွင်းတိရစ္ဆာန်ထိန်းသိမ်းရေးစင်တာသို့ အကူအညီတောင်းခဲ့သည်။ စင်တာရှိ ကျွမ်းကျင်သူက ထိုသတ္တဝါလေးမှာ ဝက်ဝံတစ်ကောင် ဖြစ်ကြောင်း နှင့် မကြာမီ မျိုးသုန်းမည့်အန ္တရာယ်ဖြင့်ကြုံတွေ့နေရသည့် အာရှဒေသ ဝက်ဝံမျိုးစိတ် ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။ ထို့ကြောင့် ဝက်ဝံကို စင်တာတွင်ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ရန် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။(Xinhua)