Connect with us

Local

ဆိပ်ကမ်းများ၌ ကုန်ပစ္စည်းများ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းများကို၂၄ နာရီ ဆောင်ရွက်ပေးမည်

ရန်ကုန်မြို့ရှိ အေးရှားဝေါလ် ဆိပ်ကမ်း၌ ကုန်တင်ကုန်ချ ပြုလုပ်နေမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင်းရှိ ဆိပ်ကမ်းများ၌ ကုန်ပစ္စည်းများ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းများကို ၂၄ နာရီနှင့် အပြီး ဆောင်ရွက်ပေးနေကြောင်း အကောက်ခွန် ဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်သည့် ညှိနှိုင်း အစည်းအဝေးတွင် အကောက်ခွန် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

၂၀၁၆ ခုနှစ် မေလ ၂၆ ရက်မှ စတင်၍ ပို့ကုန်သွင်းကုန် လုပ်ငန်းများအား ၂၄ နာရီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ သင်္ဘောလိုင်း အသီးသီးမှ တာဝန်ရှိသူများနှင့် ကုန်သေတ္တာတင် မော်တော်ယာဉ် အသင်းမှ တာဝန်ရှိသူများကိုလည်း အကောက်ခွန် ဦးစီးဌာနမှ အကြောင်းကြားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပို့ကုန်သွင်းကုန် လုပ်ငန်းများ (၂၄) နာရီ သွက်လက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ကုန်ပစ္စည်းများ တင်သွင်းခြင်း၊ တင်ပို့ခြင်းနှင့် အကောက်ခွန် ရှင်းလင်းရေး ဆိုင်ရာ ကိစ္စရပ်များအား အကောက်ခွန် ဦးစီးဌာနသို့ (၁) ရက် ကြိုတင်၍ အကြောင်းကြားရ မည်ဖြစ်ပြီး သတ်မှတ်ထားသော အချိန်ပို လုပ်ခများကိုလည်း ပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆိပ်ကမ်းများ၌ ကုန်ပစ္စည်း တင်းသွင်းခြင်းနှင့် တင်ပို့ခြင်း အချိန်ကြာမြင့်မှုနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိပ်ကမ်းများတွင် ဖြစ်ပေါ်နေသော ကုန်တင်ကုန်ချ အခက်အခဲများ ဖြေရှင်းနိုင်ရေး ကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံး ဖြေရှင်းနိုင်ရန် လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာ အကောက်ခွန် ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဆိပ်ကမ်း အသီးသီးမှ တာဝန်ရှိသူများ၊ သင်္ဘောလိုင်း အသီးသီးမှ တာဝန်ရှိသူများ၊ ကုန်သေတ္တာတင် မော်တော်ယာဉ် အသင်းမှ တာဝန်ရှိသူများနှင့် ကုန်သည်စက်မှု အသင်းချုပ်တို့ ပူးပေါင်း၍ ညှိနှိုင်း အစည်းအဝေးများ ကျင်းပ ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.