Connect with us

Local

ကုမ္ပဏီ မှတ်ပုံတင်ကြေးများ ပြင်ဆင်သတ်မှတ်ခြင်း ဇွန်လ မှ စတင် ဆောင်ရွက် သွားမည်

ကုမ္ပဏီ မှတ်ပုံတင်ကြေး ပြင်ဆင် သတ်မှတ်ချက်များအား တွေ့ရစဉ်(ဓာတ်ပုံ-DICA)

ရန်ကုန် ၊ မေ ၂၅ ရက် (ဆင်ဟွာ)

ကုမ္ပဏီများ၏ ဖွဲ့စည်းမှတ်ပုံတင်ကြေး နှင့် ကုမ္ပဏီများ၏ဆောင်ရွက်ချက် တင်ပြခြင်းများအတွက် ပေးဆောင် ရသည့် မှတ်ပုံတင်ကြေးများ ကို ဇွန်လ ၁ ရက်နေ့မှစ၍ ပြင်ဆင် သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA)မှ ယနေ့ထုတ်ပြန် ကြေညာခဲ့သည်။

ကုမ္ပဏီ မှတ်ပုံတင်ကြေးများအား ပြင်ဆင် သတ်မှတ်ချက်များ အရ ကုမ္ပဏီ ဖွဲ့စည်း မှတ်ပုံတင်ကြေးအား အများနှင့် မသက်ဆိုင်သော ကုမ္ပဏီ(Private) များအား ယခင်က ငွေကျပ် ၁၀ သိန်းမှ ယခု ပြင်ဆင်သည့် နှုန်းထားမှာ ငွေကျပ် ၅ သိန်းသို့လည်းကောင်း ၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီ(Public) များအား ယခင်က ငွေကျပ် ၁၀ သိန်းမှ ယခု ၂၅ သိန်း သို့လည်းကောင်း ၊ သက်တမ်းတိုး မှတ်ပုံတင်ကြေးအား ယခင် ၅ သိန်းမှ ယခု ၃ သိန်းသို့လည်းကောင်း ပြင်ဆင်သတ်မှတ်လိုက်သည်။
ထို့အတူ ပုံစံ ၆ ၊ ၂၆ ၊ ပုံစံ(င)၊ လိပ်စာပြောင်း ၊ အစုရှယ်ယာပြောင်း ၊ စာရွက်စာတမ်း မိတ္တူမှန် ကူးယူခြင်း ၊ ကတ်ပြား မိတ္တူမှန် ကူးယူခြင်း ၊ လုပ်ငန်း ရည်ရွယ်ချက်တိုး ၊ အမည်ပြောင်း ၊ မ,တည်တိုး တို့မှာ ယခင် နှုန်းထားတိုင်း ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးတိုးချဲ့ထူထောင် ဆောင်ရွက်မှုများကို အားပေး ဆောင်ရွက်လျက် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများနှင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအား ကုမ္ပဏီအဖြစ် ထူထောင် မှတ်ပုံတင် ဆောင်ရွက်လာစေရေး ၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ ဖွဲ့စည်း တည်ထောင်ရာတွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီများ ပေါ်ထွန်းရေး ၊ လုပ်ငန်း စတင်ထူထောင်ရာတွင် လွယ်ကူ ချောမွေ့စေရန် ဖြေလျော့မှုများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.