Politics, Law & Military
တောင်တရုတ် ပင်လယ် အပေါ်သို့ အမေရိကန် စစ်လေယာဉ်များ ပျံသန်းခြင်းအား တရုတ် ဆန့်ကျင်
ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ)
တောင်တရုတ် ပင်လယ်ပြင်ပေါ်တွင် အမေရိကန် ရေတပ်မှ ကင်းထောက်လေယာဉ် ပျံသန်းမှုအား တရုတ် လေယာဉ်များက ကြားဖြတ် ဟန့်တားခဲ့ခြင်းသည် အန္တရာယ်ရှိသော လုပ်ရပ်ဖြစ်ကြောင်း အမေရိကန်၏ ပြောကြား ချက်အား တရုတ်နိုင်ငံ တပ်မတော်က ပယ်ချလိုက်ပြီး အမေရိကန်တို့ အနေဖြင့် ထိုသို့ လုပ်ဆောင်မှုများကို လည်း အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။
တရုတ် စစ်လေယာဉ်များ အနေဖြင့် နှစ်နိုင်ငံ သဘောတူထားသည့်အတိုင်း ကြားဖြတ်ဟန့်တားမှုအား လုပ်ကိုင် ပြုမူခဲ့ကြောင်း တရုတ် အမျိုးသား ကာကွယ်ရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့် ရှိသူ ယန်ယွိကျွင်း (Yang Yujun) က သတင်းစာရှင်းလင်းပွဲ တစ်ခု၌ ပြောကြားခဲ့သည်။
တရုတ် ရေပိုင်နက်အပေါ်သို့ အမေရိကန်တို့က ကင်းထောက်မှုများ မကြာခဏ လုပ်ဆောင်နေခြင်းသည် တရုတ်- အမေရိကန် စစ်ရေး လုံခြုံမှုအတွက် စိုးရိမ်ဖွယ် ဖြစ်ကြောင်း၊ အကောင်းဆုံးလုပ်ရပ်မှာ အမေရိကန် အဖို့ ထိုကဲ့သို့ လုပ်ရပ်များကို ရပ်တန့်ရန် ဖြစ်ကြောင်း ယန်က ပြောခဲ့သည်။ (Xinhua)