Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ပြန်ကြားရေး ဌာန ဝန်ကြီး လျိုချီပေါင် သြစတြေးလျနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်

တရုတ် မီဒီယာ အဖွဲ့အစည်း ကိုယ်စားလှယ်နှင့် သြစတြေးလျနိုင်ငံ တာဝန်ရှိသူ တို့ နားလည်မှုစာချွန်လွှာများ အပြန်အလှန် ပေးအပ်နေစဉ် (ဆင်ဟွာ)

ဆစ်ဒနီ၊ မေ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် သြစတြေးလျနိုင်ငံ မှ ခေါင်းဆောင်များသည် ရေရှည်ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် အတွက် နှစ်နိုင်ငံ ဆက်ဆံရေးကိုမြှင့်တင်သွားမည်ဟု ကတိပြုခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကတိကဝတ်ပြုမှု အား မေလ ၂၈ ရက်တွင် ပြုလုပ်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီး ဌာန ဝန်ကြီး လျိုချီပေါင် နှင့် သြစတြေးလျနိုင်ငံ ဘုရင်ခံချုပ် Peter Cosgrove တို့ တွေ့ဆုံဆွေးနွေးစဉ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လျို က တရုတ် နှင့် သြစတြေးလျ ဆက်ဆံရေးသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံသည် ရင်းနှီးစွာ ဆက်ဆံခြင်း နှင့် အပြန်အလှန် နားလည်မှု ထားရှိကာ နိုင်ငံချင်း ချစ်ကြည်ရေးကို မဟာဗျူဟာကျစွာ မြှင့်တင်သင့်ကြောင်း ပြောကြားခဲ့သည်။

Cosgrove က လျို ၏အလည်အပတ်ခရီးစဉ် မှ တစ်ဆင့် တရုတ်နိုင်ငံ ၏ ကုန်သွယ်ရေး၊ မီဒီယာ နှင့် ခရီးသွား လုပ်ငန်း စသည့် နယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်မှုများသည် သြစတြေးလျနိုင်ငံအတွင်းသို့ အခွင့်အလမ်း ကောင်းများ ဆောင်ယူလာနိုင်ကြောင်းကို သြစတြေးလျနိုင်ငံသား များပိုမို နားလည်သဘောပေါက်စေရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

လျိုချီပေါင် သည် ၎င်း၏ ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံ ရှိ တရုတ်နိုင်ငံ၏ ရိုးရာ၊ဘာသာစကားနှင့် သမိုင်းကြောင်းများအား လေ့လာသူများနှင့် တွေ့ဆုံကာ ၎င်းတို့အား တရုတ်နိုင်ငံ ရှိ ပညာရှင်များ၊ သုသေတန အဖွဲ့အစည်းများ နှင့် ဆက်သွယ်မှု များပိုမို လုပ်ဆောင်နိုင်ရန် အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် လျို သည် တရုတ် မီဒီယာ အဖွဲ့အစည်း များ နှင့် သြစတြေးလျနိုင်ငံ ရှိ တက္ကသိုလ်များ၊ ထုတ်ဝေရေး ကုမ္ပဏီ များ၊ မီဒီယာ အုပ်စုများ ကြား သဘောတူညီမှု (၆) ခု လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
လျိုသည် သြစတြေးလျနိုင်ငံသို့ မေလ ၂၆ ရက်က စတင်ရောက်ရှိခဲ့ပြီး ၂ ရက်ကြာနေထိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)