Connect with us

Economy

မကာအိုတွင် ပထမဆုံး Apple အရောင်းဆိုင် ဖွင့်လှစ်

တရုတ်နိုင်ငံ ဟန်ကျိုး ပြည်နယ်ရှိ Apple အရောင်းဆိုင်အား တွေ့ရစဉ် (ဆင်ဟွာ)

မကာအို၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

Apple ကုမ္ပဏီသည် မကာအို၌ ပထမဆုံး Apple လက်လီ အရောင်းဆိုင် အား ဇွန်လ ၂၅ ရက်က ဖွင့်လှစ်လိုက်ကြောင်း နှင့် ၎င်းသည် တရုတ်ပြည်တွင် ၄၁ ဆိုင်မြောက်သော Apple အရောင်းဆိုင်ဖြစ်လာ ကြောင်း သိရသည်။

ရာပေါင်းများစွာသော Apple ပရိသတ်များသည် Cotai ခရိုင် Galaxy Complex ရှိ Apple အရောင်းဆိုင် ရှေ့တွင် ဆိုင်ဖွင့်ချိန် နံနက် ၁၀ နာရီ မထိုးခင် ကတည်းက တန်းစီ စောင့်ဆိုင်းနေခဲ့ကြကြောင်း သိရသည်။

အာရှ ပစိဖိတ် ဒေသဆိုင်ရာ Apple ၏ အကြီးတန်း ဒါရိုက်တာ ဒန်နီ တူဇာ က မကာအိုသည် Apple အတွက် မယုံနိုင်လောက်အောင် အရေးကြီးသည့် ဒေသတစ်ခု ဖြစ်ကြောင်း၊ မကာအိုသည် စီးပွားရေး ကောင်းမွန်သည့် စက်မှုမြို့ တစ်မြို့ ဖြစ်ကာ လူဦးရေ ၆၀၀,၀၀၀ ရှိပြီး နှစ်စဉ် ခရီးသွား ဧည့်သည် ၃၂ သန်း ဝင်ရောက်နေကြောင်း၊ အရှေ့တိုင်း နှင့် အနောက်တိုင်း ယဉ်ကျေးမှု တို့ကို ရောစပ်ထားသည့် ယဉ်ကျေးမှု ပုံစံ တစ်မျိုးကို ကိုယ်စားပြုသည့် မြို့တစ်မြို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Apple လက်လီ အရောင်းဆိုင်သစ် တွင် ဝယ်ယူသူများ စမ်းသပ်ကြည့်ရှုနိုင်ရန် နောက်ဆုံးပေါ် Apple ဖုန်း အလုံး ၁၅၀ ကျော် ခင်းကျင်း ပြသထားသည့် အရောင်းပြခန်းနှင့် အရောင်းမြှင့်တင်ပွဲများ နှင့် ဆွေးနွေးပွဲများ အတွက် စုရပ်တစ်ခု ပါဝင်ကြောင်း သိရသည်။

တူဇာ၏ ပြောကြားချက်အရ မကာအို Apple အရောင်းဆိုင်တွင် ခန့်အပ်ထားသည့် ဝန်ထမ်း ၁၄၉ ဦး အနက် အများစုမှာ ဒေသခံများဖြစ်ကြောင်း နှင့် မန်ဒရင်း၊ ကန်တုံး၊ အင်္ဂလိပ် နှင် ပေါ်တူဂီ ဘာသာစကားများအပြင် ဘာသာစကား ၉ မျိုး ပြောနိုင်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117