Asia
အာရှ- ဥရောပ မိတ်ဖက်ဖြစ်ခြင်းနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း မြှင့်တင်သည့် အနေဖြင့် ASEM ထိပ်သီး အစည်းအဝေး ကျင်းပ
အူလန် ဘတ်တာ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
ကွန်ရက် ချိတ်ဆက်မှုမှ တဆင့် အနာဂတ်အတွက် မိတ်ဖက် ပူးပေါင်းမှု မြှင့်တင်သည့်အနေဖြင့် ၁၁ ကြိမ်မြောက် အာရှ- ဥရောပ ထိပ်သီး အစည်းအဝေး (Asia- Europe Meeting= ASEM) အား မွန်ဂိုလီးယားနိုင်ငံ မြို့တော် အူလန် ဘတ်တာ၌ ဇူလိုင်လ ၁၅ ရက်တွင် စတင် ကျင်းပကြောင်း သိရသည်။
အခမ်းအနား ဖွင့်ပွဲ မတိုင်မီ ခေါင်းဆောင်များသည် ပြင်သစ်နိုင်ငံ နိုက်စ်မြို့ တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သူများ အတွက် တစ်မိနစ်ခန့် ငြိမ်သက်စွာ နေခြင်းဖြင့် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။
ဖွင့်ပွဲ မိန့်ခွန်း၌ အိမ်ရှင် မွန်ဂိုလီးယားနိုင်ငံ သမ္မတ Tsakhiagiin Elbegdorj က အာရှ- ဥရောပ ထိပ်သီး အစည်းအဝေး၏ နှစ်ပေါင်း ၂၀ ကျော် အောင်မြင်မှုအား ချီးကျူးခဲ့ပြီး အာရှနှင့် ဥရောပအကြား ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ပြောကြားခဲ့သည်။
“မွန်ဂိုလီးယားနိုင်ငံသည် အာရှနှင့် ဥရောပတိုက် အကြား ဆုံရပ်နေရာ၌ ရှိနေသည့်အတွက် နှစ်ဘက် ချိတ်ဆက်မှုနှင့် ဖလှယ်ရာတွင် လွယ်ကူ ချောမွေစေရေး အသင့်ရှိပါတယ်” ဟု မွန်ဂိုလီးယားနိုင်ငံ သမ္မတ Tsakhiagiin Elbegdorj က ပြောကြားခဲ့သည်။
အာရှနှင့် ဥရောပသည် ပူးတွဲ လုပ်ဆောင်မှုများ ပြုလုပ်ရန် လိုအပ်သော ဘုံအကျိုးစီးပွားနှင့် စိန်ခေါ်မှုများ၏ ကျယ်ပြန့်သော နယ်ပယ်များ မျှဝေခြင်း ဖြစ်ကြောင်း၊ အာရှနှင့် ဥရောပအကြား ကွန်ရက်ချိတ်ဆက်မှု တည်ဆောက်ရာတွင် မူဝါဒဆိုင်ရာ ညှိနှိုင်းမှု တိုးမြှင့်ရေး စသည်တို့ အတွက် ပြောကြားခဲ့သည်။
ASEM သည် ဘုံအကျိုးစီးပွား ဆိုင်ရာ နယ်ပယ်များ၌ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု တွန်းအားပေးရန်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အားပေးရန်နှင့် ပူးတွဲလုပ်ဆောင်မှု တိုးမြင့်ရန် ရည်ရွယ်ကာ အစိုးရချင်း ဆွေးနွေး ပူးပေါင်း လုပ်ဆောင်သည့် ဖိုရမ် ဖြစ်သည်။
ယခုနှစ် ထိပ်သီး အစည်းအဝေးသည် ဥရောပသမဂ္ဂနှင့် အာဆီယံ စသည့် နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ခေါင်းဆောင် များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကာ ပူးပေါင်းဆောင်ရွက်မှု ပိုမို လုပ်ဆောင်နိုင်ရေးအတွက် စီမံကိန်း တစ်ခုအား ဆွေးနွေးမည်ဟု သိရသည်။ (Xinhua)