Latin America
Rio 2016 အိုလံပစ် လက်မှတ် ၈၀ ရာခိုင်နှုန်းကျော် ရောင်းချပြီးဖြစ်
ရီယို ဒီဂျနေရို၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
Rio 2016 အိုလံပစ်ပွဲ လက်မှတ်စုစုပေါင်း ၏ ၈၀ ရာခိုင်နှုန်းကျော် ကို ရောင်းချပြီးဖြစ်ကြောင်း အိုလံပစ်ပွဲ ကျင်းပသူများက ဇူလိုင် ၃၀ ရက်တွင် ပြောကြားခဲ့သည်။
Rio 2016 အိုလံပစ်ပွဲဖြစ်မြောက်ရေး ကော်မတီ မှ မျှော်မှန်းထားသော ဝင်ငွေ၏ ၉၆ရာခိုင်နှုန်းအား ကိုယ်စားပြုသည့် အမေရိကန်ဒေါ်လာ သန်း ၃၂၀ တန်ဖိုးရှိ လက်မှတ် များကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
အိုလံပစ်ပွဲအတွက် လက်မှတ်ပေါင်း ၆.၁သန်းကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။ ပွဲကျင်းပသူများ၏ ပြောကြားချက်အရ လက်မှတ်ရောင်းရငွေ မှ သြဂုတ် ၅ ရက်မှ ၂၁ အထိကျင်းပမည့် အိုလံပစ်ပွဲကုန်ကျစရိတ်၏ ၁၆ ရာခိုင်နှုန်း ပြန်လည်ရရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိန်းဂဏန်းအချက်အလက်များအား အိုလံပစ် ဖွင့်ပွဲ မကျင်းပမီ နိုင်ငံတကာ အိုလံပစ် ကော်မတီ နှင့် Rio အိုလံပစ် ပွဲကျင်းပသူများနောက်ဆုံးတွေ့ဆုံမည့် အစည်းအဝေးပွဲ၌ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီရင်ခံစာ ၌ အိုလံပစ်ရွာ အတွင်း မပြီးစီးသေးသော ဆောက်လုပ်ရေးလုပ်ငန်းများ၏ နောက်ဆုံး သတင်းအချက်အလက်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Rio 2016 အိုလံပစ် ဥက္ကဋ္ဌ ကားလို့စ် နက်ဇ်မန် က အိုလံပစ် အားကစားပွဲများ အတွက် အခက်အခဲများ ရှိနေသော်လည်း ခန့်မှန်းခြေ သုံးရက်မှ ငါးရက်အတွင်း အားလုံး ပြေလည်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)