Connect with us

Asia

အာဆီယံ- တရုတ် မဟာဗျူဟာကျ မိတ်ဖက် ဆက်ဆံရေးက အရေးပါကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြောကြား

ကမ္ဘောဒီးယားနိုင်ငံ Kampong Speu ပြည်နယ်ရှိ အမျိုးသား လမ်းမကြီးအား ကမ္ဘောဒီယားနိုင်ငံ ဝန်ကြီးချုပ် SamdechTecho Hun Sen က ဖဲကြိုးဖြတ် ဖွင့်လှစ်နေစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ မဟာဗျူဟာကျ မိတ်ဖက် ဆက်ဆံရေးသည် အာဆီယံအတွက် အလွန် အရေးပါပြီး ကြီးမားသည့် အကျိုးအမြတ်များ ပေးစွမ်းကြောင်း ကမ္ဘောဒီယားနိုင်ငံ ဝန်ကြီးချုပ် SamdechTecho Hun Sen က သြဂုတ်လ ၂ ရက်က ပြောကြားခဲ့သည်။

“အာဆီယံ- တရုတ် ဆက်ဆံရေး လိုက်လျောညီထွေ ဖြစ်စေဖို့ ကမ္ဘောဒီးယားက စေ့စပ်ညှိနှိုင်းပေးတဲ့ အခန်း ကဏ္ဍကနေ အမြဲတမ်း ပါဝင်နေပါတယ်” ဟု ကမ္ဘောဒီးယားနိုင်ငံ အနောက်ဘက် Kampong Speu ပြည်နယ်ရှိ အမျိုးသား လမ်းမကြီး ဖွင့်ပွဲ၌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် SamdechTecho Hun Sen က ပြောကြားခဲ့ သည်။
အာဆီယံနှင့် တရုတ်တို့ကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တန်ဖိုးသည် အလွန်များပြားကြောင်းနှင့် အာဆီယံ နိုင်ငံများမှ ထုတ်ကုန်များအား တရုတ် ဈေးကွက်သို့ တင်ပို့ခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်စဉ် တရုတ် ခရီးသွား သန်းပေါင်းများစွာကလည်း အာဆီယံနိုင်ငံများသို့ သွားရောက် လည်ပတ်လျက် ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ လွတ်လပ်မှုနှင့် အချုပ်အခြာ အာဏာကို အမြဲတမ်း လေးစား လိုက်နာ ကြောင်းနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအား ကူညီရန် အလေးထားကြောင်း Hun Sen က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.