Connect with us

Science & Technology

မူဆယ် မြို့ရှောင်လမ်း အမြန် ဖောက်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်ကြဖို့ အစိုးရ အဖွဲ့ပြော

မန္တလေး-လားရှိုး-မူဆယ် ကားလမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နေပြည်တော်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

မူဆယ် မြို့သည် မြန်မာ -တရုတ် နယ်စပ် ကုန်စည် စီးဆင်းရာ အဓိက လမ်းကြောင်း ဖြစ်ပြီး ကုန်ကားကြီးများ တစ်နေ့တခြားများပြားလာကာ လမ်းပိတ်ဆို့မှုများ ဖြစ်နေသောကြောင့် မြို့ရှောင်လမ်း တစ်ခု အမြန်ဆုံး ဖောက်လုပ်နိုင်ရန် စီစဉ်လျက်ရှိသည်။ သို့ရာတွင် လမ်းအူကြောင်း အတွင်းရှိ သီးပင် စားပင်များ၊ အဆောက်အအုံ များ၏ ဆုံးရှုံးမှုများကို ညှိနှိုင်းရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်သူ့ကိုယ်စားလှယ် များက ဝိုင်းဝန်း ဆောငရွက် ပေးရန့် ပြည်ထောင်စု အစိုးရ ကိုယ်စား ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယနေ့ပြည်သူ့လွှတ်တော်တွင် ပြောခဲ့သည်။

“ဖောက်ရမယ့် မြို့ရှောင်လမ်းက ၁၁ မိုင် ရှည်ပါတယ်။ ရွေးချယ်ထားတဲ့ လမ်းအူကြောင်းက အပျက်အစီး အနည်းဆုံး ဖြစ်ပြီး လမ်းအူကြောင်းအတွင်းမှာ စားပင် သီးပင်တွေ ၊ စိုက်ခင်းတွေ၊ ရေကန်တွေ ပါနေပါတယ်၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေအပြင် အဆောက်အအုံတွေလည်း ရှိနေပါတယ်။ အဲဒါတွေအတွက် သဘောတူညီချက်တွေ ရမှသာ ဆက်ပြီး ဆောင်ရွက်နိုင်မှာ ဖြစ်လို့သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဒေသခံ ပြည်သူ လူထုနဲ့ ပြည်သူ့ကိုယ်စားလှယ် တွေကပါ ဝိုင်းဝန်း ညှိနှိုင်း ဆောင်ရွက် ပေးကြပါရန်နှင့် လမ်းအူကြောင်းမှာ ပါနေတဲ့ လမ်းနယ်ကိစ္စကို သဘောတူညီပြီးတာနဲ့Oriental highway Co., Ltd. က လုပ်ငန်း စတင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီး ဦးဝင်းခိုင်က ပြောခဲ့သည်။
မူဆယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်က မူဆယ်မြို့တွင် နယ်စပ်ကုန်စည် ကုန်ကားများ ပိတ်ဆို့ကာ ဒေသခံ ပြည်သူများရော နှစ်ဘက် ကုန်သည်များပါ အခက်အခဲ ကြုံနေရပြီး ကုန်စည် စီးဆင်းမှုကို အဟန့်အတား ဖြစ်နေရခြင်းကို ဖြေရှင်းနိုင်မည့် မြို့ရှောင်လမ်း ဖောက် လုပ်ရေးကို ပြည်သူ့လွှတ်တော်မှ တစ်ဆင့် ပြည်ထောင်စု အစိုးရ အဖွဲ့သို့ မေးခဲ့ခြင်း ဖြစ်သည်။ ၂၀၁၆ ဧပြီလတွင် မူဆယ် Toll Gate ၌ အတက် အဆင်း ယာဉ်ပေါင်း ၄,၆၂၇ စီး ရှိခဲ့ပြီး မူဆယ် မြို့တွင်း မြို့ပြင်၌ ယာဉ်ကြော ပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်လျက် ရှိကြောင်းလည်း ဦးစိုင်းဖိုးက လွှတ်တော်သို့ရှင်းပြပြီး မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၏ ဖြေကြားချက်အရ မန္တလေး – လားရှိုး – မူဆယ် – မြစ်ကြီးနားလမ်း မိုင်တိုင် ၂၇၈ / ၀ မှ မူဆယ်မြို့အထွက် မိုင်တိုင် ၂၈၅ / ၃ အထိ ၁၁ မိုင် ဖြတ်ဖောက်ရမည့် မြို့ရှောင်လမ်းနယ် အတွင်း လိုင်ချီးပင် ၁ ဒသမ ၅၃ ဧက၊ သရက် ၀ ဒသမ ၆၃၆ ဧက၊ မက်ဂဒေးမီးယား ၂ ဒသမ ၄၆ ဧက၊ ရာဘာ ၂၉ ဒသမ ၂၂ ဧက၊ ကော်ဖီ ၁ ဒသမ ၁၈ ဧက၊ ာလက်ဖက် ၁ ဒသမ ၂၃ ဧက၊ ကြံ ၂၂ ဒသမ ၉၀၉ ဧက၊ ပြောင်း ၂၂ ဒသမ ၂၂ ဧက၊ ဝါ ၀ ဒသမ ၃၉ ဧက၊ ဆူးထင့်ရှူး ၁ ဒသမ ၆၇ ဧက၊ လယ်ယာ ၂၄ ဒသမ ၅၀၄ ဧက၊ ရေကန် နှစ်ကန်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း အပါအဝင် အဆောက်အအုံ ၅၄ လုံး ပါဝင်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117