Connect with us

Science & Technology

ရန်ကုန်တက္ကသိုလ် နယ်မြေရှိ စွန့်ပစ် အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီစဉ်

ရန်ကုန်မြို့တွင်းတစ်နေရာရှိ စွန့်ပစ်အမှိုက်များကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ရန်ကုန်တက္ကသိုလ် နယ်မြေရှိ စွန့်ပစ်အမှိုက်များကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီစဉ်နေကြောင်း ရန်ကုန် တက္ကသိုလ်မှ ရူပဗေဒဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ရန်ကုန် တက္ကသိုလ် ရူပဗေဒ ဌာနနှင့် တောင်ကိုရီးယား တက္ကသိုလ်တစ်ခုတို့ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း၊ တက္ကသိုလ်ဝင်းအတွင်းရှိ အမှိုက်ပုံ၌ စွန့်ပစ်လျက်ရှိသော အမှိုက်များကို စွမ်းအင်အဖြစ် ပြန်လည် အသုံးပြုနိုင်ရန် ရန်ကုန်တက္ကသိုလ် ရူပဗေဒ ဌာနက ၂ဝ၁၅ ခုနှစ်မှ စတင် သုတေသနပြုခဲ့ပြီး ယင်းသုတေသန ပြုလုပ်ခြင်းကို ယခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဖော်ပြသနိုင်ရန် လျာထားကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တက္ကသိုလ် အနေဖြင့် ပညာရေးနှင့် သုတေသနရေးရာ ကိစ္စရပ်များကို နိုင်ငံတကာ တက္ကသိုလ် ၂ဝ ကျော်နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး ရန်ကုန်တက္ကသိုလ်ကို သင်ကြားရေးနှင့် သုတေသန ပေါင်းစပ် တက္ကသိုလ် တစ်ခုအဖြစ် ဆောင်ရွက်လျက် ရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117