Connect with us

Environment, Disasters & Accidents

အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်သည့်အတွက် ပြည်သူများသတိပြုရန် သတိပေးချက်ထုတ်ပြန်

ငလျင်ပညာပေး ပိုစတာတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- Relief and Resettlement Department - Myanmar)

ရန်ကုန် ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်ဒေသတစ်ဝိုက်နှင့် ငလျင်လှုပ်ခြင်းကို ခံစားခဲ့ရသည့် ဒေသများမှ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း ငလျင်သတင်းရလျင်ရချင်းတွင် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ အရေးပေါ်ထောက်ပံ့ရေးလုပ်ငန်းများအတွက် ကြိုတင်စုဖွဲ့ထားရှိခြင်း၊ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ပြည်တွင်း၊ ပြည်ပအဖွဲအစည်းများမှလည်း သတင်းများ အဆက်မပြတ် ချိတ်ဆက်ရယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယနေ့ သြဂုတ်လ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၀၄)မိနစ် (၅၅) စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြိ့ု၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုသည် မြေအောက်အနက် (၈၄.၁)ကီလိုမီတာတွင် လှုပ်ရှားသွားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117