Videos
တရုတ်နိုင်ငံက မကာအို၏ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များအား ကူညီပေးမည်ဟု ဝန်ကြီးချုပ်လီကတိပြု
မကာအို၊ အောက်တိုဘာ ၁၁ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်သည် မကာအိုသို့ ၃ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်တွင်မကာအို အထူး အုပ်ချုပ်ခွင့်ရဒေသသို့ အောက်တိုဘာလ ၁ဝရက်နေ့ကရောက်ရှိခဲ့သည်။
ဝန်ကြီးချုပ်လီအား အထူး အုပ်ချုပ်ခွင့်ရ ဒေသ အမှုဆောင် အကြီးအကဲ ချွေ့စိုင်အွန် (Chui Sai On) နှင့် တာဝန်ရှိသူများကလှိုက်လှဲစွာ
ကြိုဆိုခဲ့ကြသည်။
ဝန်ကြီးချုပ်လီသည် မကာအိုလေဆိပ်တွင် မိန့်ခွန်းပြောကြားခဲ့ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် မကာအို ပိုမိုဖွံ့တိုးတက်စေရန် မကာအိုဗဟိုအစိုးရအား ကူညီထောက်ပံ့မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းကတိပြုပြောကြားခဲ့သည်။(Xinhua)