Videos
ရေလှောင်တမံအတွင်း ပိတ်မိနေသော ဆင်သုံးကောင်ကို ကယ်တင်နိုင်ခဲ့
ယူနန် ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ရေလှောင်တမံတစ်ခုအတွင်း ၂ ရက်ကျော်ကြာ ပိတ်မိနေသော အာရှဆင်သုံးကောင်ကို အောက်တိုဘာလ ၁၁ ရက်က ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ယူနန်ပြည်နယ် ရှီဆွန်ဘန်နာဒိုင်း( Xishuangbanna Dai) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရှိ သစ်တောဌာန ရှိ ဆင်ကြီး ၂ ကောင် နှင့် ဆင်ပေါက် တစ်ကောင် သည် ကျေရွာအနီးရှိ ရေလှောင်တမံတစ်ခုအတွင်း ပိတ်မိနေသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရသည်။ ဆင် ၃ကောင်စလုံး မှာ ၎င်းတို့ နေထိုင်ရာ နေရာ သို့ အန္တရာယ်ကင်းရှင်း စွာဖြင့် ပို့ဆောင်ကယ်ဆယ်နိုင်ခဲ့ပြီး ယခုအချိန်အထိ ကျန်းမာရေးကောင်းမွန်လျက် ရှိကြောင်း လည်းသိရသည်။အာရှဆင်များ မှာ ပထမတန်းစား ကာကွယ်ပေးထားခြင်းခံရသည့် မျိုးနွယ်များဖြစ်ပြီး တရုတ်နိုင်ငံ တွင် အာရှ ဆင် စုစုပေါင်း ၃ဝဝ ကျော် ရှိကာ အထူးသဖြင့် ယူနန်ပြည်နယ် တွင် အများဆုံး တွေ့ရသည်။ (Xinhua)