Connect with us

Science & Technology

ရေအရည်အသွေး ဆန်းစစ်သည့် ဓာတ်ခွဲခန်းတွင် လိုအပ်သော စက်ပစ္စည်း များကို အောက်တိုဘာလ အတွင်း အပြီးတပ်ဆင်မည်

ဧရာဝတီမြစ်အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

နေပြည်တော်၌ တည်ဆောက် နေသော ရေအရည်အသွေး ဆန်းစစ်သည့် ဓာတ်ခွဲခန်းတွင် လိုအပ်သော စက်ပစ္စည်း များကို အောက်တိုဘာလ အတွင်း အပြီးတပ်ဆင် သွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ရေအရည်အသွေး ဆန်းစစ်သည့် ဓာတ်ခွဲခန်းကို နော်ဝေနိုင်ငံ နိုင်ငံတကာ သုတေသန ဌာန၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက် နေပြီး လက်ရှိတွင် လိုအပ်သော စက်ပစ္စည်းများ တပ်ဆင်လျက် ရှိကာ ဝန်ထမ်း များကိုလည်း သင်တန်းများ ပေးလျက်ရှိ သည်။ ဓာတ်ခွဲခန်း တည်ဆောက် ပြီးစီးပါက မြစ်ချောင်းများမှ ရေ၏ အရည်အသွေး များကို ဆန်းစစ် လေ့လာမှုများ ပြုလုပ်မည် ဖြစ်ပြီး လူအများ အသုံးပြုသော မြစ်ချောင်းများရှိရေများကို အဓိကထား လေ့လာ သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မြစ်ချောင်းများရှိ ရေအရည်အသွေး ညစ်ညမ်းမှု မရှိစေရန် ထိန်းသိမ်းခြင်း လုပ်ငန်းများကိုပါ ဆောင်ရွက်မည် ဖြစ်သည်။

ယင်း ရေအရည်အသွေး ဆန်းစစ်သည့် ဓာတ်ခွဲခန်း တည်ဆောက်ပြီး ပါက ရေတွင် ပျော်ဝင်သော ဓာတ်များ၏ ဂုဏ်သတ္တိများ ကို အသေးစိတ် စစ်ဆေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117