Connect with us

Science & Technology

ကန်ထရိုက်တိုက်များ ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်ရမည့် အစီအစဉ်ကို ပြန်လည်သုံးသပ်မည်

ရန်ကုန်မြို့ရှိတိုက်ခန်းတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

လျှပ်စစ်ဓာတ်အား ၃ဝ ကီလိုဝပ်ကျော် သုံးစွဲမည့် ကန်ထရိုက် တိုက်များ ကိုယ်ပိုင် ထရန်စဖော်မာ တပ်ဆင်ရမည့် အစီအစဉ်ကို ပြန်လည် သုံးသပ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးရှိ ကန်ထရိုက် တိုက်ခန်းများ အနေဖြင့် ၃ဝ ကီလိုဝပ်ထက် ကျော်လွန်၍ ဓာတ်အား သုံးစွဲရန် လိုအပ်မည် ဆိုပါက အဆိုပါ တိုက်ခန်းများ အတွက် ကိုယ်ပိုင် ထရန်စဖော်မာ များ တပ်ဆင်ရမည် ဟူသော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်း က ညွှန်ကြားထားပြီး ဆောက်လုပ်သူ များက မြေနေရာနှင့် ငွေကြေး အခက်အခဲများ ဖြေလျှော့ပေး နိုင်ရန် တင်ပြ ခဲ့ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား ၃ဝ ကီလိုဝပ်ကျော် သုံးစွဲမည့် ကန်ထရိုက်တိုက် များအနေဖြင့် ကိုယ်ပိုင် ထရန်စဖော်မာ တပ်ဆင်စေမည့် ညွှန်ကြားချက်ကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်း က သြဂုတ် ၁၂

ရက်တွင် ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ယင်း ညွှန်ကြားချက် သည် တိုက်ခန်း တစ်ခန်းလျှင် လျှပ်စစ်သုံးစွဲအား ၁ဝ ကီလိုဝပ်နှုန်း ရှိရုံဖြင့် နှစ်ထပ် လေးခန်းရှိ တိုက်များမှ စ၍ ကိုယ်ပိုင် ထရန်စဖော်မာ တပ်ဆင်ရမည့် ပုံစံမျိုး ဖြစ်နေကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.